Tuesday, July 29, 2014

Android Mobile ဖုန်းတွေမှာမိမိချစ်သူနာမည်လေးထိုးပြီး Live Wallpaper အလန်းဆုံးလေးသုံးပြီးလန်းချင်တဲ့ သူတွေအတွက်ပါ။

Android Mobile ဖုန်းတွေမှာမိမိချစ်သူနာမည်လေးထိုးပြီး Live Wallpaper အလန်းဆုံးလေးသုံးပြီးလန်းချင်တဲ့ သူတွေအတွက်ပါ။

Fig ~ 1
ကျွန်တော် နေမကောင်းတဲ့ကြားက Post မရေးဖြစ်တာကြာလို့ Post လေးတစ်ခုလောက်တော့ ကြိုးစားပြီး ရေးလိုက်ချင်ပါတယ်ဗျာ။အဲ့ဒီ Post လေးကတော့ Android Mobile ဖုန်းလေးတွေမှာ Live Wallpaper အလန်းလေးတွေထားပြီး အသုံးပြုချင်တဲ့သူတွေအတွက်ပေါ့ဗျာ။ဒီ Live Wallpaper ကတော့တော်တော်လေးကို လန်းတဲ့ Apk လေးပေါ့ဗျာ။စာလုံး ဒီဇိုင်းလေးတွေကိုလဲ မိမိစိတ်ကြိုက် Touch Screen ကို 2 ချက်ထောက်ပြီး စိတ်ကြိုက် Design တွေကိုချိန်းလို့ရသလို အောက်မှာပါတဲ့ Digital Date နဲ့ Clock တွေကိုလဲ မိမိစိတ်ကြိုက် ဒီဇိုင်းလေးနဲ့ အလန်းဆင်လို့ရပါတယ်။အပေါ်မှာ ပြထားတဲ့ ပထမဆုံးပုံဆိုရင် I ဘေးနားမှာ ♥ အသဲပုံလေး အောက်နားက You နေရာလေးမှာတော့ မိမိရဲ့ ချစ်သူနာမည်အတိုကောက်လေးကိုရေးပြီးတော့လဲ လန်းလို့ရပါသေးတယ်။ပြီးတော့ မြန်မာလိုလဲ ရေးလို့ရပါသေးတယ်။ပြီးတော့ Touch ကိုထိလိုက်ရင်လဲ ရောင်စုံ အသဲပုံလေးတွေ အလုံးလေးတွေက အောက်က ကျကျသွားပါတယ်။အသဲပုံလေးဆိုရင် Auto လည်ပတ်နေတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်ဗျာ။တကယ့်ကို လန်းလွန်းတဲ့ Live Wallpaper အလန်းလေးမို့ စာဖတ်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။လိုချင်တယ်ဆိုရင်တော့ အောက်က Link တွေမှာ Download သွားယူလို့ရပါတယ်ဗျာ။

သိထားရမည့် ObamaCare

သိထားရမည့် ObamaCare


  
 
သမ္မတ အိုဘာမား တက်လာပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် လူပြောအများဆုံးနှင့် ပြဿနာအဖြစ်ဆုံး ကိစ္စတစ်ခုမှာ Obama-care ဟု ခေါ်သည့် စနစ်သစ်ကျန်းမာရေးအာမခံဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာတိုင်းရင်းသားများလည်း Obamacare အကြောင်း ခြုံငုံ သိထားသင့်ပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံးမည့် ၎င်းအက်ဥပဒေအရ ကျန်းမာရေး အာမခံ မရှိသူများသည် ၂၀၁၅ ခုနှစ် ဧပြီလ အခွန်ဆောင်ချိန်တွင် ဒဏ်ငွေအတပ်ခံရပါမည်။
ထို့ကြောင့်၊ အရေးကြီးသော အချက်များကို အများနားလည်စေရန် လိုရင်းတိုရှင်း တင်ပြသွားပါမည်။
အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (အလယ်) ၂၀၁၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဝါရှင်တန် ဒီစီရှိ အိမ်ဖြူတော်တွင် အမေရိကအတွက် သက်သာသော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို လက်မှတ် ရေးထိုး အတည်ပြုနေပုံ ဖြစ်ပါသည်။


Obamacare ဆိုတာ ဘာလဲ?
သမ္မတ အိုဘားမားက ၂၀၁၀ ခုနှစ်တွင် 'လူမမာ ကာကွယ်စောင့်ရှောက်ရေးနှင့် သက်သာသော ပြုစုကုသမှု အက်ဥပဒေ' (Patient Protection and Affordable Care Act.) ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါသည်။ သမ္မတအမည်ကို အစွဲပြု၍ Obamacare ဟုသာ လူသိများပါသည်။
ဘယ်လို အာမခံ အစီအစဉ်တွေလဲ?
ကျန်းမာရေး အာမခံ အစီအစဉ်သစ်များကို အချို့ ပြည်နယ်များတွင် ပြည်ထောင်စု ဗဟိုအစိုးရက လုပ်ဆောင်ပေးကာ အချို့ပြည်နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) က လုပ်ဆောင်မည် ဖြစ်သည်။
မြန်မာပြည်မှလာသူ အများဆုံးနေထိုင်သည့် ပြည်နယ်များအနက် ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မေရီလင်း၊ နီဗားဒါး စသည်တို့တွင် ပြည်နယ်အစိုးရကလည်းကောင်း၊ အင်ဒီယာနာ၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ စသည်တို့တွင် ဗဟိုအစိုးရကလည်းကောင်း တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ထို့ကြောင့်၊ ပေးဆောင်ရမည့် အာမခံ လစဉ်ကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့သည် ပြည်နယ် တစ်ခုနှင့် တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး တူညီမည် မဟုတ်ပါ။
အာမခံအစီအစဉ်မှာ ဘာတွေ ပါဝင်သလဲ?
အာမခံအစီအစဉ်အားလုံးတွင် မပါမနေရ ပါဝင်သည့် ကုသစောင့်ရှောက်မှုများမှာ-
  • အရေးပေါ်ကုသမှု၊
  • ဆေးရုံတက်၍ အတွင်းလူနာ ကုသမှု ခံယူခြင်း၊
  • ဆရာဝန်ညွှန်ကြားသည့် ဆေးများ ဝယ်ယူအသုံးပြုခြင်း
  • ကိုယ်ဝန်ဆောင်နှင့် မွေးစကလေး ပြုစုစောင့်ရှောက်ခြင်း၊
  • ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးခြင်းများ၊
  • ရောဂါကာကွယ်ရေးနှင့် နာတာရှည်ရောဂါကုသခြင်း၊ -စသည်တို့ ဖြစ်ပါသည်။
ယခင် ကျင့်သုံးနေသော ကျန်းမာရေးအာမခံစနစ်များကဲ့သို့ ရောဂါရှိပြီးသား လူများအတွက် နှုန်းထားပို၍ တောင်းခံခြင်း၊ ကျားမခွဲခြား၍ နှုန်းထား သတ်မှတ်ခြင်းမျိုးကို ခွင့်မပြုပါ။ ဥပမာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ရှိနေသူတစ်ဦးသည် Obamacare အစီအစဉ်တွင် ရောဂါမရှိ ကျန်းမာသူများနှင့် တန်းတူ သတ်မှတ်နှုန်းထားကိုသာ ပေးဆောင်ရမည် ဖြစ်သည်။
သို့သော်၊ ဆေးလိပ်သောက်သူများအား နှုန်းထားပိုမို ကောက်ခံခြင်းကို ခွင့်ပြုပါသည်။
အစီအစဉ်ပုံစံများ
Obamacare အစီအစဉ်တွင် ပုံစံ ၅ မျိုး ခွဲခြားထားသည်။
ပေးဆောင်ရမည့် လစဉ်အာမခံကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့ပေါ်မူတည်၍ Bronze (ကြေး)၊ Silver (ငွေ)၊ Gold (ရွှေ)၊ Platinum (ပလက်တီနမ်) နှင့် Catastrophic (ဘေးဒုက္ခအဆင့်) ဟု ခွဲခြားထားသည်။
ယေဘုယျအားဖြင့် လစဉ်ကြေးနည်းလျှင် ဆရာဝန်ပြခ၊ ကုသစရိတ်၊ ဆေးဖိုးဝါးခတို့ များမည်၊ လစဉ်ကြေး များလျှင် အခြားစရိတ်စကများ နည်းမည် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ မိသားစု ကျန်းမာရေး အခြေအနေပေါ် မူတည်ကာ မိမိ၏ ဝင်ငွေနှင့် သင့်လျော်ကိုက်ညီမည့် ပုံစံကို ရွေးချယ်ရမည် ဖြစ်ပါသည်။
အစီအစဉ်ပုံစံ ရွေးချယ်ရာတွင် အခမဲ့ အကြံဉာဏ်ပေး ကူညီမည့်ဝန်ထမ်းများ ရှိပါသည်။ မိမိ၏ ပြည်နယ်၊ နေထိုင်ရာဒေသအလိုက် ဆက်သွယ်တိုင်ပင်နိုင်ပါသည်။
လက်ရှိ ကျန်းမာရေးအာမခံ ရှိသူနှင့် မရှိသူ
အချို့သူများသည် မိမိ၏ အလုပ်လုပ်သော ကုမ္ပဏီ၊ ရုံးဌာနတို့မှ ကျန်းမာရေး အာမခံစနစ်တွင် ပါဝင်ထားသည်။ အချို့ကလည်း မိမိဖာသာ သင့်လျော်ရာ ကျန်းမာရေးအာမခံ တစ်ခုခုကို ဝယ်ယူ ပါဝင်ထားပြီး ဖြစ်နေပါမည်။ ထိုသူများအနေနှင့် Obamacare အစီအစဉ်အတွက် အထူးအထွေ ထပ်မံ လုပ်ဆောင်စရာ မလိုတော့ပါ။
ထို့အတူ၊ ဝင်ငွေနည်းသူများအတွက် အစိုးရ၏ ယခင် အစီအစဉ်များဖြစ်သော Medicare, Medicaid, Medi-Cal, CHIP စသည်တို့တွင် ပါဝင်နေသူများသည်လည်း ဘာမှ လုပ်ဆောင်ရမည် မဟုတ်ပါ။
သို့သော်၊ ကျန်းမာရေး အာမခံမရှိသော ယာယီအလုပ်၊ နာရီစား အလုပ် လုပ်ကိုင်နေသူများ၊ ဆူရှီးလုပ်ငန်းကဲ့သို့ အသေးစား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ကျန်းမာရေး အာမခံ အစီအစဉ် ပုံစံ ၅ မျိုး အနက်မှ တစ်ခုခုတွင် စာရင်းသွင်း ပါဝင်ရမည် ဖြစ်သည်။
တစ်နှစ်ထက်တစ်နှစ်တိုးမည့် ဒဏ်ငွေ
၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်ကို နောက်ဆုံးထား၍ မည်သည့် ကျန်းမာရေး အာမခံစနစ်တွင်မှ ပါဝင်မထားသူများသည် ယခုအက်ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ဧပြီလ အခွန်အစီရင်ခံစာ တင်သွင်းရာတွင် လူကြီး တစ်ဦးလျှင် ၉၅ ဒေါ်လာ၊ ကလေးတစ်ဦးလျှင် ၄၇.၅၀ ဒေါ်လာ၊ အိမ်ထောင်စုတစ်ခုလျှင် အများဆုံး ၂၈၅ ဒေါ်လာအထိ ဖြစ်စေ၊ အိမ်ထောင်စု ဝင်ငွေ၏ ၁ ရာခိုင်နှုန်း ဖြစ်စေ များရာနှုန်းထားကို ပေးဆောင်ရမည်။ ဒဏ်ငွေ ပမာဏသည် ကုန်ကျစရိတ်အနည်းဆုံး ဖြစ်သော Bronze ၏ တစ်နှစ်စာ နှုန်းထားနှင့် အတူတူ ဖြစ်သည်။
ဒဏ်ငွေသည် တစ်နှစ်ပြီးတစ်နှစ် တိုးမည်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် အိမ်ထောင်စုဝင်ငွေ၏ ၂ ရာခိုင်နှုန်း သို့မဟုတ် လူကြီး တစ်ဦးလျှင် ၃၂၅ ဒေါ်လာ၊ ၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စုဝင်ငွေ၏ ၂.၅ ရာခိုင်နှုန်း သို့မဟုတ် တစ်ဦးလျှင် ၆၉၅ ဒေါ်လာ ဆောင်ရမည် ဖြစ်သည်။
ဒဏ်ငွေ ကင်းလွတ်ခွင့်
အမေရိကန်နိုင်ငံတွင် အချို့လူများသည် အစိုးရ၏ Medicaid အစီအစဉ်အတွက် သတ်မှတ်ဝင်ငွေထက် များနေသော်လည်း အနည်းဆုံး ကျန်းမာရေး အာမခံကြေး မတတ်နိုင်သူများ ရှိပါသည်။ စနစ်သစ် Obamacare ကျန်းမာရေးအာမခံတွင် မပါဝင်နိုင်သော်လည်း ဒဏ်ငွေ ကင်းလွတ်ခွင့် ရရှိနိုင်ပါသည်။
ဒဏ်ငွေ ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည့် အချက်အလက်အချို့မှာ-
  •  အနိမ့်ဆုံး သတ်မှတ်ထားသော ကျန်းမာရေး အာမခံပုံစံ (ဥပမာ၊ Bronze) သည် အိမ်ထောင်စု တစ်ခုလုံး၏ ဝင်ငွေစုစုပေါင်း၏ ၈ ရာခိုင်နှုန်းထက် များနေလျှင်၊
  • မိမိ၏ ဝင်ငွေသည် အခွန်ပေးဆောင်နိုင်သော ပမာဏမရှိပဲ အလွန်နည်းပါးသဖြင့် နှစ်ပတ်လည် အခွန်အစီရင်ခံစာ (tax return) တင်သွင်းခြင်း မရှိလျှင်၊
  • လွန်ခဲ့သော ၂၄ လအတွင်း မပေးဆောင်နိုင်သော ဆေးကုသစရိတ်များ ရှိနေခဲ့လျှင်၊
  • လျှပ်စစ်၊ ဂက်စ်စသည့် စွမ်းအင်ပေးဆောင်ရေး ကုမ္ပဏီများမှ ဓာတ်အား ဖြတ်တောက်ရန် သတိပေးစာ ရရှိထားလျှင်၊
  • လွန်ခဲ့သော ၆ လအတွင်း နေထိုင်ရာ အိမ်၊ အိမ်ခန်းတို့မှ နှင်ထုတ် ဖယ်ရှားခံထားရလျှင်၊ သို့မဟုတ်၊ မိမိ၏ အိမ်ကို သိမ်းယူခံရမည့် အခြေအနေ၊ အိမ်မှ နှင်ထုတ်ခံရမည့် အခြေအနေတို့နှင့် ရင်ဆိုင် ကြုံတွေ့နေရလျှင်၊
  • မိသားစုဝင်များထဲမှ နာမကျန်းသူ၊ မသန်စွမ်းသူ၊ အသက်ကြီးအိုမင်းသူများကို ပြုစုစောင့်ရှောက်နေရသဖြင့် ကုန်ကျစရိတ်များပြားနေလျှင်၊
  • မကြာခင်က မိသားစု အရင်းအချာ ကွယ်လွန်ထားလျှင်၊
-ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။
အထက်တွင် ဖော်ပြထားသည်မှာ အပြည့်အစုံမဟုတ်ပဲ အချို့ကိုသာ ကောက်နုတ်ထားခြင်းဖြစ်သည်။
အကြံပေးချက်
အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများအနေဖြင့်၊ မိမိ၏ အလုပ်မှ ကျန်းမာရေး အာမခံထားရှိလျှင် ဖြစ်စေ၊ အစိုးရ၏ Medicare, Medicaid, Medi-Cal, CHIP အစီအစဉ်တစ်ခုခုတွင် ပါဝင်နေလျှင် ဖြစ်စေ ဘာမျှ လုပ်ဆောင်ရန်မလိုပါ။
သို့သော်၊ ကျန်းမာရေးအာမခံ၊ benefit မရှိသည့် နာရီစား၊ ယာယီအလုပ်၊ ကိုယ်ပိုင် အသေးစား လုပ်ငန်းမျိုး လုပ်ကိုင်နေလျှင် Obamacare အစီအစဉ် တစ်ခုခုကို ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီ စာရင်းသွင်း ပါဝင်ရန် အရေးကြီးပါသည်။
စာရင်းသွင်းနည်း လေးမျိုး
Obamacare အစီအစဉ်တွင် ပါဝင်ရန် အစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.healthcare.gov တွင် သွားရောက် လေ့လာ ကြည့်သင့်ပါသည်။
စာရင်းပေးနိုင်သော နည်း ၄ မျိုးမှာ-
၁။ အင်တာနက် ဝက်ဘ်ဆိုက်မှ အွန်လိုင်း
၂။ တယ်လီဖုန်း (1-800-318-2596 / TTY: 1-855-889-4325)
၃။ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး စာရင်းပေးခြင်း၊
၎။ လျှောက်လွှာပုံစံ ဖြည့်စွက်၍ စာတိုက်မှ ပေးပို့ခြင်း- တို့ ဖြစ်ကြသည်။
Obamacare နှင့်ပတ်သက်၍ သေသေချာချာ ရှင်းလင်းစွာ သဘောမပေါက်သူများသည် နံပတ် ၃ ဖြစ်သည့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး အသင့်တော်ဆုံးကို ရွေးချယ်လုပ်ဆောင်ခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု အကြံပေးလိုပါသည်။
www.healthcare.gov တွင် မိမိ၏မြို့နှင့် ပြည်နယ် သို့မဟုတ် ဇစ် စာပို့သင်္ကေတတို့ဖြင့် အနီးဆုံး ဆွေးနွေးတိုင်ပင်နိုင်သော ဌာနကို လမ်းညွှန်ပေးပါမည်။

☎ မြန်မာဘာသာဖြင့် ဆက်သွယ်စုံစမ်းနိုင်သော အခမဲ့ဖုန်းနံပါတ်မှာ- 1-800-318-2596

မြန်မာဘာသာဖြင့် ရှင်းလင်းချက်ရနိုင်
အစိုးရ၏တရားဝင် ဝက်ဘ်ဆိုက်တွင် မြန်မာဘာသာဖြင့် ရှင်းလင်းချက်ကို ရယူနိုင်ပါသည်။
သတိပြုရန်- မြန်မာများ နားလည်အောင် ရှင်းပြထားသော နမူနာပုံစံသာ ဖြစ်၍ ၎င်းအပေါ်တွင် ဖြည့်စွက်ရမည် မဟုတ်ပါ။ နမူနာကြည့်ကာ အင်္ဂလိပ်ဘာသာ ပုံစံကိုသာ ဖြည့်စွက် တင်သွင်းရပါမည်။

Monday, July 28, 2014

♪ သီချင်နားထောင်ဖို့အတွက် အကောင်းဆုံး - JETAUDIO MUSIC PLAYER PLUS V4.2.0 APK ♫

♪ သီချင်နားထောင်ဖို့အတွက် အကောင်းဆုံး - JETAUDIO MUSIC PLAYER PLUS V4.2.0 APK ♫


Cover art

သီချင်းနားထောင်ရသာဝါသနာပါသူများအတွက် Android Phone မှာ သီချင်တွေကိုနားထောင်နိုင်ဖို့ အတွက် အကောင်းဆုံး Player တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ JetAudio Player လေးတစ်ခု တင်ပေးလိုက်ပါတယ် ဗျာ။ Jet Audio Player ကတော့ PC မှာကတည်းက နာမည်ကြီးပြီးလူသုံးများတဲ့ Player ဖြစ်ပါတယ်။ အခု Android Version မှာထွက်လာတဲ့ Player ကိုလေ့လာကြည့်ရသလောက်တော့ သူ့မှာ Audio အတွက် Feature အများကြီးပါဝင်ပါတယ်။ အသံတွေကို မိမိလိုသလိုချိန်ညှိနိုင်မယ့် Equalizer လည်းပါဝင်ပါတယ်။ အချို့သော သီချင်းတွေမှာအသံတွေတိုးနေလို့ နားထောင်ဖို့အဆင်မပြေ ရင်လည်း အခု JetAudio Player နဲ့ အသံကိုမြှင့် တင်ပြီးနားထောင်မယ်ဆိုရင် အဆင်ပြေပြေ နားထောင်နိုင်မှာဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ File Type ကတော့ MP3, WAV, OGG, FLAC, M4A, MPC, TTA, WV, APE, MOD စတာတွေအပြင်အခြားသော Audio Format ပေါင်းများစွာကိုလည်း Support လုပ်ပေးနိုင်ပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။




jetAudio Music Player Plus - screenshot thumbnail    jetAudio Music Player Plus - screenshot thumbnail  
jetAudio Music Player Plus - screenshot thumbnail    jetAudio Music Player Plus - screenshot thumbnail 
jetAudio Music Player Plus - screenshot thumbnail     jetAudio Music Player Plus - screenshot thumbnail 
jetAudio Music Player Plus - screenshot thumbnail     jetAudio Music Player Plus - screenshot thumbnail

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။




MAC OSX USER GUIDE FOR MYANMAR စာအုပ် (BY APPLE4MM)

MAC OSX USER GUIDE FOR MYANMAR စာအုပ် (BY APPLE4MM)




 
 ကျွန်တော်တို့ Apple4MM အဖွဲ့သားတွေ စုပေါင်းပြီး ရေးသားခဲ့ကြတဲ့ Mac OSX User Guide for Myanmar by Apple4MM စာအုပ်ကို ယနေ့ထုတ်ဝေပေးပါမယ်။

Mac OSX ကို စတင်အသုံးပြုတဲ့ End User တွေအနေနဲ့ Mac အခြေခံ အကြောင်းနဲ့ အသုံးပြုပုံတွေကို သိပ်ရင်းနှီးကျွမ်းဝင်မှူ မရှိတဲ့ အတွက်ကြောင့် Apple4MM အဖွဲ့သားတွေ စုပေါင်းတိုင်ပင်ပြီး မြန်မာလို ဒီစာအုပ်ကို ရေးသားခဲ့ရခြင်းဖြစ်ပါတယ်။

Facebook Group ထဲမှာလည်း Mac OSX User Guide ကို မြန်မာလိုအတွက် တော်တော်များများ တောင်းဆိုကြတဲ့ အတွက်ကြောင့် ရေးသားပေးလိုက် ရခြင်းပဲဖြစ်ပါတယ်။

ဤစာအုပ်ကို ဖတ်ရှူပြီးရင်တော့ End User အနေနဲ့ Mac OSX ကိုကောင်းကောင်းမွန်မွန် အသုံးပြုတတ် သွားမှာဖြစ်ပါတယ်။
 
 
 
စာအုပ်ပါ Title များကတော့...

  • About Apple4MM
  • Author lists
  • Introduction
  • Getting Started with Mac
  • OSX Menu Bars & Items
  • Using File & Others
  • Activity Monitor
  • Preview
  • Using Trackpad
  • Using Magic Mouse
  • Using LaunchPad , Mission Control , Dashboard
  • Keyboards & Shortcuts
  • Dock
  • Macbook Pro Ports
  • Apple ID
  • System Preferences
  • Zawgyi Font & Keyboard Installation
  • iCloud
  • Safari
  • App Store
  • Myanmar App for Mac
  • Using iPhoto
  • Using Contact
  • Using iTunes
  • Photo & Graphic Software for Mac
  • Office Suite for Mac
  • Mac OSX USB Boot & Clean Install
  • Password on Mac
  • Using OSX Disk Utility
  • Additional Articles
  • Networking with PC
  • Others Mac OSX Topics
  • Ending 

စာအုပ်ကို နှစ်မျိုး ထုတ်ပေးထားပါတယ်။ iBooks နဲ့ PDF ဖိုင်နှစ်မျိုးပါ။ မိမိနှစ်သက်ရာကို Free Download ပြုလုပ်ပြီး ဖတ်ရှူနိုင်ပါတယ်။


Download Link

iBooks 

Dropbox Link
https://www.dropbox.com/s/lf5x3pk1ehaelcg/Mac%20OS%20X%20User%20Guide%20for%20Myanmar.ibooks

Copy Link
https://www.copy.com/s/VltCUnydOVYi/Mac%20OS%20X%20User%20Guide%20for%20Myanmar.ibooks

Mediafire Link
http://www.mediafire.com/download/t3yyst56dbgg7wy/Mac_OS_X_User_Guide_for_Myanmar.ibooks


PDF 

Dropbox Link
https://www.dropbox.com/s/v6mfrwhkmotglk2/Mac%20OS%20X%20User%20Guide%20for%20Myanmar.pdf

Copy Link
https://www.copy.com/s/GZbmcXVs24G7/Mac%20OS%20X%20User%20Guide%20for%20Myanmar.pdf

Mediafire Link
http://www.mediafire.com/view/t0h5gg3pfigm7zs/Mac_OS_X_User_Guide_for_Myanmar.pdf 

Sunday, July 27, 2014

Desktop PC က Internet ကို USB cable သုံးပီး ဖုန်းကို ရှယ်ချင်သူများအတွက်


Desktop PC က Internet ကို USB cable သုံးပီး ဖုန်းကို ရှယ်ချင်သူများအတွက်ပါ။
Root ရှိရပါမယ် ။ USB Degubbing On ပေးထားရပါမယ် ။

( ဖုန်းမှာ chrome , firefox ,Internet browser မှာပဲ အင်တာနက်သုံးလို့ရပါမယ် ။ ကျန်တဲ့နေရာတွေအင်တာနက်သုံးလို့မရပါဘူး ။ )
ဒီဇစ်ဖိုင်ကိုဒေါင်းလိုက်ပါ ။ ဇစ်ဖြည်လိုက်ပီး အထဲမှာပါတဲ့ HackConnectivityService.apk ဖိုင် Tracetool service.apk ၂ခုကိုအင်စတောလုပ်ပေးပါ ။ ဖိုင်၂ ခုထဲက HackConnectivityService.apk က xposed module ဖိုင်ပါ။ အဲဒီ module ကို xposed မှာအမှန်ခြစ်ပီး ဖုန်းရီစတက်ချပေးပါ ။
ဖုန်းနဲ့ပီစီကိုချိတ်ထားလိုက်ပါ ။ ပီးရင် PC ကနေ ဇစ်ဖြည်ထားတဲ့ထဲက Androidtools.exe ကိုဖွင့်ပေးပါ ။ ပီးရင် connect ကိုနှိပ်ပေးပါ။ အဲဒီအခါ box တခုထွက်လာပီး အလုပ်လုပ်နေပါလိမ့်မယ် ။ အဲဒီအခါ ဖုန်းမှာ super user request တောင်းတဲ့အခါ grant လုပ်ပေးပါ။ အားလုံးပီးသွားရင် ဖုန်းမှာအင်တာနက်စသုံးလို့ရပါဘီ ။
Note3 Android 4.4.2 MIUI Rom မှာစမ်းထားတာပါ ။ ကျန်တဲ့ဖုန်းတွေလဲအဆင်ပြေမယ်လို့ယူဆပါတယ် ။ 
                                                  DOWNLOAD

Huawei Honor 3C MMFont Installer

Huawei Honor 3C MMFont Installer   


Huawei ကနေပြီးအသစ်ထပ်မံထုတ်လုပ်ထားတဲ့ Huawei Honor 3C အတွက်မြန်မာစာမရတဲ့သူတွေအတွက်
Huawei Honor 3C MMFont Installer ကိုကျွန်တော့်Forum ကဘော်ဘော်တွေအတွက်ပေးလိုက်ပါပီ...
လိုချင်သူများ အောက်မှာ ဒေါင်းလိုက်ပါ ခင်ဗျာ....

Friday, July 25, 2014

♪ ဖုန်းထဲမှာဒေါင်းလုပ်ဆွဲချင်တာဆွဲနိုင်တဲ့အကောင်းဆုံး - Advanced Download Manager Pro v3.5.9.4 APK Update (24-July) ♫

♪ ဖုန်းထဲမှာဒေါင်းလုပ်ဆွဲချင်တာဆွဲနိုင်တဲ့အကောင်းဆုံး - Advanced Download Manager Pro v3.5.9.4 APK Update (24-July) ♫


Cover art

Advanced Download Manager ကတော့ Andriod ဖုန်းတွေအတွက် တကယ်ကောင်းတဲ့ Dowloader ပါ။ Facebook မှ Video တွေကို အလွယ်ဒေါင်းနိုင်ပါတယ်။ Download ဆွဲယူရာမှာလည်း Resume Download ပါတဲ့အတွက် File Size အကြီးတွေကိုလည်းအဆင်ပြေစွာနဲကဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ အောက်မှာ Screenshots နဲ့ ဒေါင်းပုံဒေါင်း နည်း ပြထားပေးပါတယ်။  Facebook မှ Video တခုတည်းမကပဲ Website က Video တွေ Mp3 ဖိုင်တွေ Zip ဖိုင်တွေ PDF ဖိုင် အစရှိတဲ့ ဖိုင်မျိုးစုံတွေကိုပါ ဒေါင်းပေးနိုင်ပါတယ်။
Advanced Download Manager ကောင်းစွာ အလုပ်လုပ်နိုင်တဲ့ Bowser တွေကတော့ Stock Browser, Dolphin, Boat Browser, Chrome အစရှိတာတွေမှာ အလုပ်လုပ်ပါတယ်။ Facebook က Video ဒေါင်းနည်းကိုတော့ အောက်ကပုံကို ကြည့်ပြီး နားလည်နိုင်မယ် ထင်ပါတယ်။ Website က Video တွေ ဒေါင်းရင်လည်း ထိုနည်းတူပါပဲ။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Wednesday, July 23, 2014

♪ Galaxy S5 Style S Launcher Prime (Galaxy S5 Launcher) v2.3 Apk ♫



ပုံလေးကိုမြင်လိုက်တာနဲ့ပဲ ဘယ်လို Launcherမျိုးလည်းဆိုတာသိကြမှပါ။ Galaxy S5 စတိုင်လေးနဲ့ လန်းချင် သူများအတွက် တင်ပေးလိုက်တာပါ။ Launcher တစ်ခုဖြစ်တဲ့အတွက် ထွေထွေထူးထူးပြောပြနေစရာမလိုဘူး လို့ထင်ပါတယ်ဗျာ။ Resolution အနေနဲ့လည်း Galaxy S5 အတိုင်းပဲရုပ်ထွက်ကောင်းမွန်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ Launcher တွေကတော့ nova launcher, adw launcher, go launcher, apex launcher, စတာတွေဖြစ်ပါတယ်။ Android OS 4.0 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။


Original Windows Recovery Partation Restore Make

Original Windows ဟုတ်၊မဟုတ် ဘယ်လို စမ်းစစ်မလဲ - Original Windows တွေမှာ Recovery Partation ကို Restore လုပ်နည်း

စာများလို့ စိတ်မညစ်ပါနဲ့ - ဗဟုသုတနဲ့ နည်းပညာလိုချင်ရင် စာများများဖတ်ပါ


ကျနော်ဒီလို ပိုစ့်လေးတွေကို တင်ပေးချင်နေတာ ကြာပါပြီ.. ဒါကတော့ ဗဟုသုတအတွက်ရော၊ မိမိတို့ကွန်ပျူတာမှာ မူရင်း(Original)ဝင်းဒိုး ဟုတ်မဟုတ်အတွက်ပါ.. စမ်းစစ်လို့ ရမယ့် နည်းလေးပါ.. တချို့က မိမိအသုံးပြုနေတဲ့ ဝင်းဒိုးဟာ မူရင်းလား.. ကော်ပီလားဆိုတာတောင် မသိကြပါဘူး.. ဒီလိုပဲ သုံးနေကြတာ သူများ Partation အပိုင်းခွဲဆိုခွဲတာပဲ၊ သူများက ဟတ်ဒစ်ကို Format ချဆိုချတာပဲ..၊ မိမိတို့ဝင်းဒိုးဟာ ဆိုင်ကဝယ်ကတည်းက ပါလာတဲ့

Windows XP Professional SP3 x86 ( Black Edition )

Windows XP Professional SP3 x86 ( Black Edition )

ဒီ Windows XP Black Edition အခွေလေးကတော့ 28.2.2014 နေ့က Update ထွက်လာတာလေးပါ..။ ဝင်းဒိုးခွေတွေ တင်ပေးဖို့ တောင်းဆိုထားတဲ့ သူများရှိတဲ့အတွက် ဒီ Windows XP အခွေလေးကို အရင်တင်ပေးလိုက်ပါတယ်..။ နောက်ရက်တွေမှာတော့ Windows 8.1 အခွေတွေကို ဆက်လက်တင်ပေးပါအုန်းမည်..။ ဒီ Windows XP Black Edition အခွေကို 240 MB စီနဲ့ အပိုင်း ၃-ပိုင်းခွဲတင်ပေးထားပါတယ်..။ အပိုင်းသုံးပိုင်းစလုံး ဒေါင်းယူပြီးရင် အပိုင်းတစ်ကနေ ဖိုင်ဖြည်ချလိုက်ရင် Windows XP Black Edition ISO အခွေကို ရရှိပါပြီ..။  ပြီးရင်တော့ CD တစ်ချပ်နဲ့ အခွေ Burn ပြီး မိမိတို့ လိုအပ်တဲ့စက်မှာ ဝင်းဒိုး တင်လို့ရပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။

မြန်မာဘာသာgalleryလေးပါ

MPx-Teamက မြန်မာမှူ ပြုထားတာလေး ပါ 3d gallery လေး ပါ။ဖျက်လို့လည်း ရပါတယ်။ ဘားရှင်းအားလုံးနဲ့လည်း အဆင်ပြေ ကိုက်ညီပါတယ်။စမ်းပြီးသားလေး မို့စိတ်ချ လက်ချ ယူပါနော်။2.3.6 တွေကတော့ အရင်gallery  အဟောင်းဖြုတ်မှရပါတယ်။ 
အရင်gallery အဟောင်းကို rootပြီးဖြုတ်လို့ရပါတယ်ခင်ဗျ။
အသုံးပြုချင်ရင် အောက်မှာယူပါနော် ။
MM Gallery Download

<<Download From Zippyshare>> 

<<Download From D-h-st>> 

 
အရင် gallery အဟောင်းကိုဖြုတ်ချင်ရင် link2sd apk လေးသုံးပြီးဖြုတ်တာ error ကင်းပါတယ်ခင်ဗျ ။

အခြားတရုပ်ဆော့ဝဲ တွေလည်းဖြုတ်လို့ရပါတယ် ။

<<Downlaod From Zippyshare>> 

<<Download From D-h-st>> 


အင်တာနက် အမြန်နှုန်းကို မြှင့်တင်ပေးမယ့် cFosSpeed_9.05_Build_2103_Beta

ဒီ Cfos လေးက အင်တာနက်အမြန်နှုန်းကိုမြှင့်တင်ပေးမယ့်
ဆော့ဝဲတစ်မျိုးမှာ အသုံးပြုနည်းကတော့လွယ်ပါတယ်
နဂိုကတည်းက လိုင်းမကောင်းတဲ့ လိုင်းဆိုရင်တော့သိပ်မထူးပါဘူး
ဒါပေမယ့် အင်တာနက်လိုင်း တစ်လိုင်းတည်းမှာ
user တွေ အများကြီးသုံးနေတဲ့အချိန် မိမိမှာ လိုင်းအပြည့်ရရှိနိုင်စေမယ့်
ဆော့ဝဲလေးပါ... Online Gamer တွေအတွက် အထူးကောင်းမွန်တဲ့
ဆော့ဝဲလေးပါ

File Size:5MB ပဲရှိပါတယ်

Connection အရမ်းကျနေရင်ဒီနည်းလေးသုံးပါ



ခုတလော Internet Connection တွေ တော်တော် လေးကျနေတယ်ဗျ။ လိုင်းတွေပြင်နေတာလို့ တော့ပြောတာပါဘဲ။ Phone နဲ့ သုံးတဲ့ညီကိုမောင်နှမ တွေဆို အင်တာနက်သုံးချင်စိတ်ပါ ပျက်သွားလောက်အောင်ပါဘဲ။
ကျွန်တော်ကိုယ်တိုင်လည်းဖုန်းနဲ့ သုံးနေတာပါ။ဒီတော့ နည်းနည်းတော့နည်းလမ်းလေးတွေ၇ှာဖွေမိတယ်.. 
ပထမဆုံးတွေးမိတာကတော့ ကျွန်တော့ဖုန်း လိုင်းမမိလို့ ပေါ့လိုင်းမိတဲ့နေရာ ထားပြီး hotspot wifi နဲ့ သုံးပြန်တော့လည်း.. ထိုနည်း၎င်းပါဘဲ။

Code ထည့်စရာမလိုတဲ့ Viber v3.0.1.3 နောက်ဆုံးထွက် Version


Viber ချစ်သူများအတွက် Code မလိုတဲ့ Viber နောက်ဆုံးထွက် Version ထွက်လာပါပြီဗျာ။ အရင်တုန်း ကတော့ Viber ကို Code ထည့်ရတာ အလုပ်ရှုပ်လို့ မသုံးကြတဲ့သူတွေရှိပါတယ်။ ရှိပြီးသားသူတွေကလည်း Error တက်ပြီး Code ပြန်ပြန်တောင်းနေလို့ အဆင်မပြေသူတွေလည်းရှိပါတယ်။ အခု Viber v3.0.1.3 မှာတော့ Code ထည့်စရာမလိုပါဘူး Phone No. ထည့်လိုက်တာနဲ့ Activate ဖြစ်ပြီး အသုံးပြုနိုင်ပါပြီဗျာ။ ဒီလောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေသွားပါပြီနော်။ အခုထွက်လာတဲ့ Version အသစ်မှာလည်း တစ်ဖက်နဲ့တစ်ဖက် Video File တွေကိုပါအပြန်အလှန်ပို့လို့ရနေပါပြီဗျာ။အောက်မှာဒေါင်းလိုက်ပါ။


ADOBE KEY


ဒီမှာပါ Adobe Key လေးပါ
Designer တွေနှင့် Services သမားတွေအတွက် ဆိုပေမယ့်တခြားသူတွေလဲ သုံးလို့ရအောင်ပါ
အောက်မှာဒေါင်းလိုက်ပါ


Driver Genius Potrable


ဒါလေးကတော့ Driver Genius Potrable လေးပါ
Driver မရှိလို့စိတ်ညစ်နေသူတွေအတွက်
အောက်မှာ ဒေါင်းလိုက်ပါ


Windows 7


ဒါလေးကတော့ Windows 7သမားတွေအတွက်ပါ Genuines မဖြစ်လို့ စိတ်မညစ်ပါနဲ့
ဒီဆော့လ်ဝဲလေးကိုသာ ဆောင်ထားလိုက်ပါ အားလုံးအဆင်ပြေပါစေ
အောက်မှာ ဒေါင်းလိုက်ပါ





အဆင်မပြေရင် minntharlay1986@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်

Tuesday, July 22, 2014

မြန်မာ fonts (w arthouse 1 to 70)


မြန်မာ fonts (w arthouse 1 to 70)အထိပါ ဒီမှာ ဒေါင်းနိုင်ပါတယ်

recent posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မန်ဘာဝင်ခြင်းဖြင့် အသစ်တင်တိုင်းပို့ပေးပါမည်