အမေ ညာတယ်
ထမင်းအိုးထဲ ထမင်းမလောက်မှန်း သိတော့ `အမေ မဆာဘူး
သားတို့ စားပါ´တဲ့။
အမေ ညာတယ်
တစ်ခါတစ်ရံ အသားဟင်း ချက်တော့ `အမေ သွားမကောင်းလို့ ချဉ်ပေါင်ရွက်ချက်နဲ့ အမေ စားမယ်၊ အသားဟင်း သားတို့ စားပါ´တဲ့။
အမေ ညာတယ်
အ၀တ်အစားသစ် မရှိ၊ ခါဝတ် အင်္ကျီ လုံချည် ဟောင်းနွမ်းနေပါလျက် `အမေ့အင်္ကျီ လုံချည် အသစ်ပဲ ရှိသေးလို့ အမေ့အတွက် မလိုဘူး၊ အ၀တ်အစားသစ် သားတို့ ၀တ်ပါ´တဲ့။
အမေ ညာတယ်
ဖနောင့် နေရာမှာ ပါးပြီး ပေါက်နေပါလျက် `အမေ့ဖိနပ် အကောင်းပဲ ရှိသေးလို့ ဖိနပ်အသစ် သားတို့ စီးပါ´တဲ့။
အမေ ညာတယ်
လောကဓံကို အံတု၊ မာန်တင်းကာ ရင်ဆိုင်ပေမယ့် သားတို့ နောင်ရေးတွေး စိတ်မအေးလို့ ၀မ်းနည်း မျက်ရည် ကျနေပါလျက် `အမေ ဘာလို့ ငိုတာလဲ´မေးတော့ `အမေ မငိုပါဘူး၊ မိုးရွာတာပါ´တဲ့။
အမေ ညာခဲ့တယ်၊ မေတ္တာဖုံးတဲ့ မုသားနဲ့ အမေ အမြဲ ညာခဲ့တယ်၊
အမေ မညာပါနဲ့တော့ အမေရယ်၊ အမေ ညာခဲ့တာ မသိ၊ သားကိုယ်တိုင် ကြုံတွေ့ရတော့မှ အမေ့မေတ္တာကို သိ သားရင်ထဲ တဆစ်ဆစ် နာကြင်နေရပြီ အမေ။
ဒီတစ်ခါ သားကို တစ်လှည့် ညာခွင့်ပေးပါ။
`သားရဲ့ လုပ်အားခ လစာလေး ပိုလျှံနေလို့ လတိုင်း အမေ့ထံ ကန်တော့ပါရစေ။´
မာတာပိတုဂုဏံ အနန္တံ အဟံ ၀န္ဒာမိပါ အမေ...။
အမေဆိုတာ သား၊ သမီးတို့အတွက် ရတက်မအေး သောကမျက်ရည် ကျမိတဲ့အခါ သား၊ သမီးတို့အပေါ် မစိုစေ၊ မမြင်စေဘဲ မိုးရေအဖြစ် အသွင်ပြောင်းကာ မြင်စေသူပါ။
ပြာသိုလပြည့် အမေများနေ့ အမှတ်တရ { 24-1-2016 }
မင်းသော်တာ www.minntharlayit.com
အဆင်ပြေပါစေ မင်းသော်တာ(မင်းသားလေးနည်းပညာ)
Monday, January 25, 2016
အမေ ညာတယ်
ညီမလေးတ်ဖို့
ညီမလေးဖတ်ဖို့
~~~~~~~~~
ဒူးထောက်ပြီး မျက်ရည်ကျပြတိုင်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့။
ကိုယ့်ပြန်မချစ်လို့ နံရံကို လက်သီးနဲ့ထိုးတိုင်းလည်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့။
Valentine's Day မှာ ပန်းစည်းနဲ့ ချောကလက် ပို့တိုင်းလည်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့။
မွေးနေ့မှာ ည၁၂ နာရီ ဖုန်းဆက်တိုင်းလည်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့။
အဲ့ဒီ့လို လူမျိုးတွေကို ၁လလောက်ပဲ
အဆက်အသွယ်ဖြတ်ပြီး ထားကြည့်လိုက်ပါ။
သေချာတယ် နောက်တစ်ယောက်နဲ့ လက်တွဲနေပါပြီ။
တကယ်တော့ အပေါ်ယံ အရေခွံ ခြုံထားတဲ့ ဟန်ပန်တွေကို မသာယာဘဲ သူ့ရဲ့အတွင်းစိတ်ကို လေ့လာပြီးမှ ဘဝရဲ့လက်တွဲဖော်အဖြစ် စဉ်းစားသင့်တယ်။
စိတ်ကစားတဲ့ အရွယ်နဲ့ ဇွတ်မိုက်၊ အချစ်ကို ယုံပြီး ပုံအပ်မိရင် အမှားကြီး မှားသွားလိမ့်မယ်။
အခုခေတ်မှာ အချစ်များတယ်၊
အချစ်စစ်ကတော့ အရမ်းရှားသွားပြီ ...
ဒီခေတ်လူငယ်လေးတွေအတွက် ဖော်ကျူးတာပါ
အဆင်ပြေပါစေ မင်းသော်တာ(မင်းသားလေးနည်းပညာ)
Monday, January 4, 2016
လွတ်လပ်ရေးနေ့အထိမ်းအမှတ်
လူငယ်တိုင်းသိထားသင့်တဲ့ လွပ်လပ်ရေးနေ့အကြောင်း
သင်္ခန်း စာ တွေ ပြည့် နှက် နေ တဲ့ အတိတ်
၁၈၂၄ (၁၁၈၆ ) = ပထမ အင်္ဂလိပ် မြန် မာ ကျူး ကျော် စစ်။ (၃၂ ) ကြာ ခဲ့ ပြီး နောက် (၁၈၅၆ ) (၁၂၁၈) မှာ ဒုတိယ အင်္ဂလိပ် -မြန်မာကျူးကျော် စစ်။ထို မှ တစ် ဖန် (၂၉) နှစ် ကြာ ပြီး နောက် (၁၈၈၅) (၁၂၄၇ ) တွင် တတိ ယ အင်္ဂလိပ် -မြန် မာ ကျူး ကျော် စစ် ။ရ ရာ လက် နက် တွေ နဲ့ ကိုင် စွဲ တော် လှန် ခဲ့ ကြ တယ် ။ အား မတန် တော့ မာန် လျှော့ ခဲ့ ရ တယ် ။လက် နက် ကိုင် တော် လှန် ရေး တွေ ခေတ္တ ငုပ် ရှိုး သွား ခဲ့ ရ တယ် ။ အဲ့ ဒီ နောက် ပိုင်း နှစ် (၂၀ ) ကြား လာ တဲ့ (၁၉၀၅ ) (၁၂၆၇ ) မှာ လူ မှု့ ရေး /ဘာသာရေး ကို အခြေ ပြီး အဖွဲ့ တွေ အသင်း တွေ ပေါ် ပေါက် လာခဲ့ ပါ တယ် ။ အထင်အရှား ဆုံး က တော့ YMBA လို့ ခေါ် တဲ့ အသင်းချုပ် ကြီး ပါ ပဲ။အသင်း ကြီး ရဲ့ စည်း ရုံးရေး စွမ်း အား /စွမ်း ပကားထိရောက် ထက် မြက် ခဲ့ လို့ နှစ် (၂၀) ကြာ လာ တဲ့ (၁၉၂၀ ) ((၁၂၈၂ ) မှာ မြန်မာအသင်းချုပ် ကြီး GCBA လို့ ပြောင်း လဲ ပြင် ဆင် ဖွဲ့ စည်း လှူုပ် ဆောင် ခဲ့ ကြ ပါ တယ် ။ အဲ့ဒီ ကာလ အတွင်း မှာ ပဲ (ပထမ ဆုံး ) ကျောင်း သား သပိတ် တိုက် ပွဲ အောင် မြင် စွာ နွဲ နိုင် ခဲ့ တယ် ။ဦးဘဖေ/ဦးပု/ဦးထွန်းရှိန် /အစရှိတဲ့ မျိုး ချစ် ပုဂ္ဂိုလ် တွေ အပြင် ။ သာသနာ့ အာ ဇာနည် တွေ ထဲ က ဆရာ တော် ဦးဥတ္တမ / ဆရာ တော် ဦးဝိ စာ ရ တို့ အား လုံး ဟာ နယ် ချဲ့ တော် လှန် ရေး တပ် ဦး မှာ ဦဆောင် မှု့ ပေးခဲ့ ကြ ပါ တယ် ။ အင်္ဂလိပ် ဘုင် ခံ ကို မော် မကြည့် ရဲ တဲ့ ခေတ် ကြီး မှာ “ ဘုရင် ခံ ဆာရယ် ဂျီ နယ်လ် က ရက် ဒေါက် ကို ” မြန် မာ့ မြေ ပေါ် မှ မောင်း ထုတ် ခဲ့ တာ ဆရာ တော် ဦး ဥတ္တမ ပါ ။ အစာငတ် ခံ(၁၆၆)ရက် ဆန္ဒ ပြ ရင်း နောက် ဆုံး အချိန် အ ထိ ရ ဟန်း ဘ၀ နဲ့ ထောင် ထဲ မှာ ပျံ လွန် တော် မူ ခဲ့ တာ ဆရာ တော် ဦး ၀ိ စာ ရ ပါ ။
(၁၉၂၀)((၁၂၈၂) ပြီး တဲ့ နောက် ပိုင်း (၁၆) နှစ် ကြာ တဲ့ အခြေ အနေ ကို တင် ပြ ရ မယ် ဆို ရင် (၁၉၃၆) (၁၂၉၈) ကာလ ဟာ ဆို ရင် ဖြင့် နယ် ချဲ့ ကို ဆန့် ကျင် တိုက် ပွဲ ၀င် ရာ မှာ အရှိန် အကောင်း ဆုံး ရ နေ ပြီး ဖြစ် တဲ့ အချိန် ပါ ။ ဒို့ လူ မျိုး ဟာ ကျွန် လူ မျိုး မဟုတ် ဘူး။သခင် လူ မျိုး ဖြစ် တယ် လို့ ခံ ယူ ချက် ထား ပြီး အမည် အရှေ့ မှာ “ သခင် ” တပ် ခေါ် ကြ တဲ့ ကာ လ ပေါ့ ။ ဒုတိ ယ ကျောင်း သားသပိတ် ဖြစ် ခဲ့ တဲ့ ကာ လ ပါ ။
(၁၉၃၆ )(၁၂၉၈ ) မှ (၂) ကြာ လွန် မြောက် လာ ပြီး နောက် ++(၁၉၃၈ ) ++ (၁၃၀၀)++ ပြည့် နှစ် ကို တော့ မြန် မှာ သမိုင်း မှာ တိုင်း ပြည် တည် သရွေ့ ။ လူ မျိုး တည် နေ သေး သရွေ့ ဘယ် လို မှ မေ့ မကောင်း တဲ့ အထွေ ထွေ သပိတ် လှုပ် ရှား မှု့ ကြီး တစ် ခု ဖြစ် ခဲ့ ပါ တယ် ။နိုင် ငံ သမိုင်း မှာ ***တစ် ထောင့် သုံး ရာ ပြည့် အရေး တော် ပုံ တော် ” လို့ ကမ္မည်းမော် ကွန်း တင် ထား နိုင် ခဲ့ ကြ တဲ့ နေ့ ကြီး ရက် မြတ် တစ် ရက် ဆို ပါ ပဲ ။အဘယ် အကြောင်းကြောင့် ဆို သော် ထို နှစ် အတွင်း မှာ ပင် လယ် သမားအရေး တော် ပုံ / အလုပ် သမား အရေး တော် ပုံ / တတိယ ကျောင်း သား သပိတ် / အို င် စီ အက်စ် ၀န်ထမ်း တွေ ပါ အပါ အ၀င် တစ် နိုင် ငံ လုံ နယ် ချဲ့ အုပ် ချုပ် သူ လူ တန်း စား တွေ ကို တစ် ခဲ နက် အုံ ကြွ တော် လှန် ဆန့် ကျင် ပုန် ကန် ခဲ့ တဲ့ နှစ် တစ် နှစ် ပါ ။
၁၃၀၀ ရာ ပြည့် အရေး တော် ပုံ ကြီး ကြောင့် နိုင် ငံ ရေး အသိုး ကြား လာ တဲ့ လူငယ် တွေ ဟာ လုံးဝ လွတ် လပ် ရေး ဆို တဲ့ အတွေး အခေါ် ကို တွေး ခေါ် လာ နိုင် ခဲ့ ကြ ပါ တယ် ။ လက် နက် နဲ့ ရန် သူ ကို လက် နက် နဲ့ ပဲ ပြန် တော် လှန် ရ မယ် ဆို တဲ့ အသိ မျိုး ရင် တွင်း မှာ ကိန်း အောင်း လာခဲ့ ကြ တယ် ။ တိုင်း ပြည် အတွက် ပြင်း ပြ တဲ့ ရင် တွင်း ဆန္ဒး ကို အကောင် အထည် ဖေါ် ဖို့ “ ရန်သူ ရဲ့ ရန် သူ ဘယ် သူ လဲ ဆို တာ ကို ရှာ ဖွေ စူး စမ်း ကြ ပါ တော့ တယ် ။” “ ရန် သူ ရဲ့ ရန် သူ ဟာ မိတ် ဆွေ ” ဆို တဲ့ အသိ ကို နှလုံး ပိုက် မိ ခဲ့ ကြ တယ် ။ “ရန်သူ အင်္ဂလိပ် အခက် - ဗမာ့ အချက် လို့ သဘောပေါက် ခံယူ ချက် ထား ပြီး ဂျပန်ပြည် သွား /စစ် ပညာသင် တဲ့ လူ ငယ် တစ် စု ဟာ နောင် တွင် “ ရဲ ဘော် သုံး ကျိပ် ” ဆို ပြီး ထင် ရှားလာ ခဲ့ ကြ ပါ တယ် ။(BIA ) လွတ် လပ် ရေး တပ် မတော် ကို ဘန် ကောက် မှာ ဖွဲ့ နိုင် ခဲ့ တယ် ။ရန် သူ ပေး တဲ့ ရွှေ ရည် စိမ် လွှတ် လပ် ရေး ကို ရှိခဲ့ တယ် ။BIA တပ် မတော် ကို လည်း အဆင့် နဲ့ အရေ အတွက် လျှော့ ချ ခဲ့ ကြ တယ် ။(BDA )ခေါ် ဗမာ့ ကာ ကွယ် ရေး တပ် မတော် တဲ့ ။။လူတစ် စု ပဲ လွှတ် လပ် တဲ့ လွတ် လပ် ရေး အတု ပါ ။အချိန် တန် ရင် ဂျပန် ကို လည်း ပြန် တော် လှန် ရ မယ် ဆို တဲ့ အသိ က မူ လ ကတည်း က စိတ် ကူး ဆန္ဒ ရှိ ခဲ့ ပြီး သား မို မဟာ မိတ် အကူ အညီ ကို ပြန် လည် ရ ယူ ပြီး ဖက် ဆစ် ဂျပန် ကို တိုက် ထုတ် နိုင် ခဲ့ ပြန် ပါ တယ် ။ တော် လှန် ရေး နေ့ ကို ပေါ် ပေါက် စေခဲ့ တယ် ။ “ အနီး ဆုံး ရန် သူ ကို တိုက် ” ဆို တဲ့ စစ် သေနင်္ဂဗျူ ဟာ တစ် ရပ် နံ မည် ကျော် ခဲ့ ပါ တယ် ။
နယ်ချဲ့ ကို တိုက် / ဖက် ဆစ် ကို တွန်း လှန် ရင် “ မိ အေး နှစ် ခါ နာ တိုင်း ပြည် “ ဘ၀ ရောက် ခဲ့ ရ တယ် ။နယ်ချဲ့ တွေ ပြန် ၀င် လာ ပြီး တော် လှန်ရေး အင် အား စု တွေ ကို ထိန်း ချုပ် နိုင် ဖို့ ခေတ် နောက် ပြန် ဆွဲ တဲ့ အုပ် ချုပ် ရေး ကို ပြန် လည် အသက် သွင်း ဖို့ ကြိုး စား ခဲ့ ကြ ပါ တယ် ။ အဲ့ ဒီ အချိန် မှာ မြန်မာ ပြည် တော် လှန် ရေး အင် အား စု တွေ မှာ နိုင်ငံရေး အဖွဲ့ အင်အား(ဖဆပလ )ကြီး ရှိ နေ ပြီး ။ခါး တောင်း ကျိုက် မဖြုတ် သေး တဲ့ လက် နက် ကိုင် တပ် မတော် ရှိ နေ ပြီး ။ ရန် သူ က လွှတ် လပ် ရေး စကား ထည့် ပြော လာ ခဲ့ ရ ပါ ပြီး။အောင် ဆန်း +အက် တလီ စာ ချုပ် ချုပ် တာ မျိုး။ ပြည် ထောင် စု နေ့ ကို ဖြစ် ပေါ် စေ ခဲ့ တဲ့ ပင်လုံ ညီ လာ ခံ ကျင်း နိုင် ခဲ့ တာ မျိုး။ နယ်ချဲ့ လက် ပါး စေ တစ် စု ကြောင့်အာဇာနည် ခေါင်း ဆောင် ကြီး များ ကျ ဆုံး ခဲ့ ရ တဲ့(၁၉၀၇-၁၉၄၇ )အဖြစ် များ။ဆို လို တာ က (၁၃၀၀) ပြည့် (၁၉၃၈) မှ စတင် ရေ တွက် သော် (၁၀) နှစ် အကြာ ( ၁၉၄၈ )(၁၃၁၀ ) မှာ အား လုံး တောင့် တ နေ ခဲ့ ကြ တဲ့ လုံး ၀ လွှတ် လပ် ရေး အောင်ပန်း ကို ဆွတ် ခူး နိုင် ခဲ့ ကြ ပါ
လွတ်လပ်ရေးနေ့ (Independence Day)သည် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စစ်မှန်သော လွတ်လပ်ရေးကို ရရှိသည်။ တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍အထွတ် အမြတ် သတ်မှတ်ထားတတ်လေသည်။
ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနဂင်္နွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။
ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနဂင်္နွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။
မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁ဝဝ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆ဝကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည် ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန် ဖြစ်သည်နှင့်အညီ မမေ့မလျော့ကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြ ၏။
ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့် လွတ်လပ်ရေး ကျောက်တိုင်၌ စုဝေးကြ၍ ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့ မလျော့ဆောင်ရွက်ရန် အဓိဋ္ဌဌာန်များပြုလေ့ရှိကြသည်။ ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း တစ်ခမ်းတစ်နားဆင်ယင်ကျင်းပကြ၍ အစိုးရက လည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာထမ်းဆောင်သူတို့အား ဘွဲ့ထူး ဂုဏ်ထူး နှင့် ဆုလာဘ်များ ပေးအပ်ချီးမြှင့်လေသည်။
Maung Khin Maung Soe(သံမဏိ ခွပ်ဒေါင်း)
အဆင်ပြေပါစေ မင်းသော်တာ(မက်းသားလေးနည်းပညာ)
Saturday, April 18, 2015
♥ ♥ NETWORKING TECHNOLOGIES များကို လေ့လာ ကြည့်ကြပါစို့ ♥ ♥
ကျွန်တော်တို့ Networking Technologies များကို လေ့လာတဲ့အခါသီအိုရီ ရော၊လက်တွေ့ရော နှစ်ခုလုံး ကျွမ်းကျင် ဖို့ လိုပါသည်။နှစ်ခုစလုံး ကျွမ်းကျင်မှ troubleshootingလုပ်တဲ့အခါ အဆင်ပြေမည် ဖြစ်ပါသည်။
အခု Logical ပဲ ၇ှိတဲ့ Protocols များအကြောင်းကို အခြေခံသဘောပဲ ပြောပြပေးမည်ဖြစ်သည်။ ကျွန်တော် က Network Engineer တစ်ယောက်မဟုတ်တဲ့အတွက် Advanced အထိ မပြောပြနိင်ဘူး ။ networking ကို ၀ါသနာပါလို့ေ၇းလိုက်ခြင်းဖြစ်ပါသည် ။ Protocols ဆိုတာ ဘာလဲ ?အင်တာနက်ပဲသုံးသုံး ၊ နက်ဝက် အတွင်း မှ pc to pc ပဲ သုံးသုံး ၊ Online Game ပဲ ဆော့ဆော့ ကျွန်တော်တို့ Protocols က ကြားခံ ComputerLanguage တစ်ခု ပါပဲ ။ Protocols ကို အသုံးပြူပြီး ကွန်ပျူတာ တစ်လုံးက တစ်လုံး၊ နက်ဝက် တစ်ခု ကနေ တစ်ခု သို့ ဆက်သွယ်အသုံးပြူရဖြစ်ပါသည် ။ Networking အတွက် Protocols က အခြေခံ အကျ ဆုံး ဖြစ်ပါသည် ။ Protocols တွေက Protocol တစ်ခုချင်းဆီမှ port တစ်ခုတွဲပြီးအလုပ်လုပ်တာ ဖြစ်ပါ သည် ။ Protocol ဆိုတာနဲ့ Port တွေလည်း သိဖို့ လိုအပ်ပါ သည် ။ Port ကလည်း logically ဖြစ်ပြီး CommunicationsEnd Point တစ်ခုဖြစ်ပါသည် ။ Port number သည် 16bit ၇ှိသည်အတွက် 2 to the power 16 (0-65536)အထိ ၇ှိသည်ဟု ယူဆနိင် သည် ။ IANA(Internet Assigned Number Authority ) က သတ်မှတ်ပေးပါသည် ။ ကဲ အသုံးများသော protocols နဲ့ port တွေ အကြောင်း ကိုလေ့လာကြည့်အောင် ..
*Transport Control Protocol/Internet Protocol(TCP/IP) Protocols ဆိုတာကတော့ internet တစ်ခုလုံးကို ထိန်းချူပ်မောင်းနှင်တဲ့ Protocol
ဘဲဖြစ်ပါသည် ။
*Internet Control Message Protocol(ICMP)ဆိုတာကတော့ Pc တစ်လုံး ကနေတစ်လုံး နက်ဝက် မိမမိ စမ်းသပ် ရမှာသုံးတာဖြစ်ပါသည်။
*Address Resolution Protocol(ARP)သူကတော့ IP Address ကနေ MAC address ကို ပြောင်းလဲပေး ပါသည် ။
*Domain Name System(DNS) ဆိုတာကတော့ name to ip ကိုပြောင်းပေးတာပါ ။ ၀က်ဆိုက်တစ်ခု ip တစ်ခု၇ှိ ပါတယ် ။ name နဲ့ခေါ်လို့ရအောင် DNS က လုပ်ဆောင်ပေးတာပါ ခင်ဗျာ ..
*ံHpertext Transport Protocol(HTTP)သူကတော့ ကျွန်တော်တို့ websiteတွေ ကြည့်လို့ရအောင် လုပ်ဆောင်ပေးပါသည် ။
*File Transfer Protocol(FTP)ဆိုတာက fileတွေ ဒေါင်းလုတ်ဆွဲ ဖို့ လုပ်ဆောင်ပေးပါသည်။
*Simple Mail Transfer Protocol(SMTP) သူကတော့ Email ပို့ရာမှ အသုံးပြူပါသည် ။
*POP3(Post Office Protocol)သူကတော့ E-mail လက်ခံ၇မှသုံးပါသည် ။
*Telnet ကတော့ remote terminal Protocol အမျိုးအစားဖြစ်ပါသည် ။
* Dynamic Host Configuration Protocol (DHCP)ဆိုတာက IP address တွေ auto assigned လုပ်ပေးသော Protocol ဖြစ်ပါသည်။
အခုဖော်ပြပါ Protocols များသည် TCP/IP protocol suite နဲ့အတူတကွ အလုပ်လုပ်သော Protocols များ ဖြစ်ပါသည် ။
Common Protocol Suite
*TCP/IP (all Platform)
*IPX/SPX ( Novel Netware)
*NetBIOS/NetBEUI (Microsoft)
*Apple Talk (Mac)
Protocol Port
FTP 21
Telnet 23
DNS 53
SMTP 25
POP3 110
HTTP 80
DHCP 68
SSH 22
Proxy 8080
netstat -an command ဖြင့် Port linstening လုပ်လို့၇ပါသည် ။
အားလုံးအဆင်ပြေကြပါစေ ..
- အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
- ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
- ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
♥ ♥ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ကွန်ပြူတာဆိုင်ရာ ဘာသာရပ်များ ♥ ♥
အိုင်တီ လို့သာ အကြမ်းဖျင်းခေါ်ပေမယ့် သူက အင်မတန် ကျယ်တဲ့ ပင်လယ်ကြီး တစ်ခုပါပဲ။ ယင်း ကျယ်ပြန့် တဲ့ ပင်လယ်ထဲမှာ ကိုယ်က ဘယ်ပရော်ဖက်ရှင်နယ်လိုင်းကို လိုက်စားလို့ အဆင်ပြေမယ် ဆိုတာ ကို ရွေးနိုင်အောင် သိသလောက် ဖော်ပြပေးလိုက်ရ ပါတယ်။
ကွန်ပြူတာ အင်ဂျင်နီယာ (Computer Engineering)
ကွန်ပြူတာ စက်ပစ္စည်းတီထွင်တဲ့ ပညာလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ CPU ဘယ်လိုလုပ်တယ်။ မော်နီ တာ ဘယ်လိုလုပ်တယ်။ ဟာ့ဒ်ဝဲ ပစ္စည်း အစိတ် အပိုင်း တစ်ခုချင်း စီ တည်ဆောက် တဲ့ပညာရပ် ပါပါမယ်။ ဒါတင် ဘယ် ကအုံးမလဲ။ ဆော့ဖ်ဝဲ ဖန်တီးမှုလည်း ပါဝင်ပါ သေးတယ်။ CPU တော့လုပ် လိုက် ပါပြီ။ ယင်း CPU ဘယ်ဘယ်လို တာဝန်ထမ်းဆောင် မယ်။ ဘယ်လို အီလက်ထရောနစ် Signal ကို တုံ့ပြန် လုပ်ဆောင်မယ် အစ ရှိသဖြင့် ဟာ့ဒ်ဝဲတင် မကတော့ပဲ ဆော့ဖ်ဝဲပါ ပါဝင်လာပါတယ်။ ဒီတော့ ကွန်ပြူတာ အင်ဂျင်နီယာ ဆိုတာ ကွန်ပြူတာ ရဲ့  အခြေခံအကျဆုံး ဆော့ဖ်ဝဲ နဲ့ ဟာ့ဒ်ဝဲကို တီထွင်ဖန်တီးတဲ့ ဘာသာ့ ရပ် ဖြစ်ပါတယ်။
ကွန်ပြူတာ စနစ် အင်ဂျင်နီယာ (System Engineer)
ကွန်ပြူတာ အင်ဂျင်နီယာကတော့ ကွန်ပြူတာတွေ တစ်လုံးပြီး တစ်လုံး တီထွင်လိုက်ပါပြီ။ ယင်း ကွန်ပြူ တာတွေ ဘယ် လို စနစ်နဲ့ အလုပ်လုပ်မယ်ဆိုတာကို ဖန်တီးပေးရမယ့် အဆင့်ကလည်း တစ်ခု ရှိပါသေး တယ်။ ဥပမာ ကွန်ပြူတာနဲ့ ဂြိုလ်တုကိုလှမ်းချိတ်မယ်။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံးချိပ်ဆက်ဖို့အတွက်
ဘယ်လို ဟာ့ဒ်ဝဲတွေ ရှိသင့်တယ်။ ဆော့ဖ်ဝဲတွေ ရှိသင့်တယ်။ လိုအပ်တဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ တီထွင် ဖန်တီးပေး သူကို ကွန်ပြူတာ စနစ်အင်ဂျင်နီယာလို့ ခေါ်ပါတယ်။ ကွန်ပြူတာလို့ရှေ့ မှာ တပ်ရတဲ့အကြောင်း အရင်းက system အင်ဂျင်နီယာမှာ အခြား ဘာသာရပ်တွေလည်း ထပ်ကွဲနေသေးလို့ပါ။
ကွန်ရက် အင်ဂျင်နီယာ (Network Engineer)
ကွန်ပြူတာ ထွင်တဲ့သူက ထွင်လိုက်ပြီ။ တစ်လုံးနဲ့ တစ်လုံး ချိတ်လို့ရအောင် ဆော့ဖ်ဝဲတွေ၊ ဟာ့ဒ်ဝဲတွေ လည်း ထွင် လိုက်ပြီ။ သို့ပေမယ့် ယင်း ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကျတော့ ကွန်ရက် အင်ဂျင် နီယာက အလုပ်လုပ်ပေး ရတာပါ။ Network Engineer ပေါ့။ ဒါလည်း အင်မတန် ကျယ်ပြန့် ပါတယ်။ ကမ္ဘာ တစ်ဝန်းလုံး အီးမေးလ်တွေ ပို့လို့ ရအောင်၊ ပုံတွေ၊ သတင်းတွေ စီးဆင်းရအောင် ဖန်တီးပေးသူ များက Network Engineer များ ဖြစ်ပါတယ်။ ဒီမှာကွန်ပြူတာတင် မကတော့ပဲ တယ်လီဖုန်း ကွန်ရက် အင်ဂျင်နီ ယာ ဆိုပြီ လည်း ရှိပါတယ်။ တစ်ခုနဲ့တစ်ခုက ဆက်စပ်မှု ရှိပါတယ်။
ကွန်ပြူတာ စနစ်အုပ်ချုပ်ရေး ဘာသာရပ် (System Administrator)
ကွန်ပြူတာလည်းရှိပြီ၊ ချိတ်လည်းချိတ်ပြီးပြီ၊ သတင်းအချက်အလက်လည်း စီးဆင်းပြီဆိုရင် နောက်ထပ် လိုအပ်တာက Administration ပါ။ ယင်း အချက်အလက်များစီးဆင်းနေမှုကို အမြဲစောင့်ကြည့်ပေးရမယ်။ လုံခြုံရေးဘယ်လိုကာကွယ်ပေးရယ် အစရှိသဖြင့် အတော်လေး ကွဲသဗျ။ Admin ဆိုတဲ့အတွက် လုပ်ငန်းလည်ပတ်မှုက သူက ရှိနေဖို့လိုအပ်တာပေါ့။ ယင်း ဘာသာရပ်နဲ့ Networking ဘာသာရပ်နဲ့က ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပါတယ်။ Network ရသူက Admin ပိုင်းသွားဖို့လွယ်ပြီး Admin ပိုင်းရသူကလည်း
Networking ပိုင်းကို သွားဖို့လွယ်ကူပါတယ်။ System Engineer လည်း ဒီလိုင်း ၂ ခုကို အလွယ်တကူ ကူးသွားလို့ ရပါတယ်။ အချိန်တော့ ပေးရမှာပေါ့။
ကွန်ပြူတာ ပရိုဂမ်ရေးဆွဲခြင်း ဘာသာရပ် ( Computer Programmer )
Programmer သို့တည်းမဟုတ် Developer သို့တည်းမဟုတ် coder သို့မဟုတ် အခြား အမျိုးမျိုးခေါ် တာရှိ ပါသေး တယ်။ မြန်မာပြည်မှာလည်း ပရိုဂမ်မာတွေ အများကြီးပါ။ ဝဘ်ဆိုဒ်ပရိုဂမ်မာလား၊ ဆော့ဖ်ဝဲ ပရိုဂမ် မာလား၊ ဟာ့ဒ်ဝဲမှာ ကုဒ် ထည့်မယ့် ပရိုဂမ်မာလား အစရှိသဖြင့် လိုင်းအမျိုးမျိုး ထပ်ကွဲပါသေးတယ်။
လက် ရှိ မြန်မာပြည်မှာ အများစု ကတော့ Web Programmer ပေါ့။ နောက်ထပ်များလာတာကတော့ ဆော့ဖ်ဝဲ ပရိုဂမ်မာပါ။ ဖုန်း app လေးတွေ တစ်ပိုင်တစ်နိုင်ဆွဲနေကြတဲ့ လူငယ်တွေ များလာလို့ ဝမ်းသာ ရပါ တယ်။ ကွန်ပြူတာတွေ ဘယ်လောက်ပဲထွင်ထွင်၊ ဘယ်လောက်ပဲချိတ်ချိတ်
ယင်း အချက် အ ချက် အလက်တွေ ကို ခင်းကျင်းပြသမှု အပိုင်းကျတော့ ပရိုဂမ်မာက လုပ်ရတာပေါ့။ အလွယ် ကူဆုံး ဥပမာ ပြောမယ်။ စကားပြန်ပေါ့။ ကျနော်က မြန်မာလူမျိုး၊ ကမ္ဘာ အရပ်ရပ်က လူပေါင်းစုံနဲ့
တစ်နေရာ တည်းမှာတွေ့ တဲ့အခါ သူတို့ဘာပြောလည်း ကျနော်မသိဘူး။ ဒါကို သိအောင် ကြားမှာ စကားပြန်က ဘာသာပြန်ပေးမယ်။ ဘာသာအနည်းအများပေါ်မူတည်ပြီး သူနိုင်သလောက် ဘာသာပြန်ပေး တယ်။ ပြောတဲ့သူက ဝမ်းနည်းတဲ့ စကားဆိုရင် သူက ဝမ်းနည်းနဲ့ အမူအရာလေးနဲ့ ဘာသာပြန်ချင်ပြန်မယ်။ဒီလိုပါ။ ဝဘ်ဆိုဒ်တစ်ခုကို ကွန်ပြူတာမှာ ဖွင့်ရင် ဘယ်လို ဘာသာရပ်နဲ့ပေါ်မယ်။
သတင်းတွေကို ဘယ်နေရာမှာ ဖတ်ရမယ်။ ဘာကိုရှာရင် ဘယ်နေရာမှာ အလွယ်တကူ တွေ့ရမယ်။ အစ ရှိသဖြင့် ပေါ့။ အနီးစပ်ဆုံးအနေနဲ့ မာ့ခ်ဆူကာဘတ်ဆိုတဲ့ Facebook တည်ထောင်သူဟာ PHP programmer တစ်ဦးပါ။ Facebook ဆိုတာကြီး ကို ဖန်တီးဖို့အတွက် သူကြိုးစားခဲ့တာလေးပါ။
ပရိုဂမ် မာ မှာတောင် Java လား၊PHP လား၊ C++ လား ဘာလား ညာလား လိုင်းက အတော်လေး ထပ်ကွဲ ပါသေး တယ်။ နောက်မှ အသေးစိတ်ပြောတာပေါ့။
ဝဘ်ဆိုဒ် ဒီဇိုင်း ဘာသာရပ် (Web Designer)
ဒါက ပရိုဂမ်မာနဲ့ နည်းနည်းဆက်စပ်တယ်။ ပရိုဂမ်မာတွေ တစ်ခုပြီးတစ်ခုဖန်တီးပေမယ့် ဒါကို ထည့်ပြ၊ချပြဖို့ကျ Design ဆွဲထားတဲ့ Template ရှိဖို့လိုတယ်လေ။ ဘယ်လို အရောင်လေးနဲ့ ပြမယ်။ ဘယ်လို အမြင်ရှိရမယ်။ ဘယ်နေရာမှာတော့ ဘာလေး ရှိရမယ်။ အစရှိသဖြင့်ပေါ့။ Web Designer အဆွဲကောင်းလို့ မီလျံနာ ဖြစ်သွားတဲ့ သူတွေ အများကြီးပါ။
Template တွေရောင်းစား တာပေါ့။ Web Designer တစ်ယောက်ဖြစ်ဖို့ ၆ လသင်တန်းသာ တက်ရတယ် ဆိုပေမယ့် ပရော်ဖက် ရှင်နယ် တစ်ယောက်ဖြစ်ဖို့က ၃ နှစ်လည်း မလုံလောက်ပါဘူး။
သူက လည်း အခြား ကွန်ပြူတာ ဘာသာရပ်တွေလိုပဲ လေ့လာလေ နက်နဲလေ ဘာသာရပ်ပါ။
ခုနေ Web Designer တစ်ယောက်ကို သွားမေးကြည့်ပါလား။
မင်းတို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲလို့။ ထားလိုက်ပါ။ နောက်မှ အသေးစိတ် ရှင်းပါ့မယ်။
ဝဘ်ဆိုဒ်အုပ်ချုပ်ရေးမှုး (Webmaster)
ဒါကတော့ ခေါင်ချုပ်ကြီးပေါ့။ Webmaster တစ်ယောက်ရဲ့  တာဝန်က ဝဘ်ဆိုဒ်တစ်ခုနဲ့ ပက်သက်ပြီး ပရိုဂမ်ပိုင်းလည်း တတ်ရတယ်။ System ပိုင်းလည်းတတ်ရမယ်။ ဆာဗာပိုင်းလည်း တတ်ရမယ်။ Network ပိုင်းလည်း ရရမယ်။ ကိုယ်က တာဝန်ယူထားတာလေ။ Google လိုဆိုဒ်မျိုးမှာ Webmaster လုပ်သူဟာ
ဆိုဒ် ၅ မိနစ်လောက်ဒေါင်းတာနဲ့ အလုပ်ပြုတ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ၅ မိနစ်အတွင်း ဆုံးရှုံးသွားမယ့် ရှယ်ယာက ကုမ္မဏီတစ်ခုလုံးက ဝန်ထမ်းလစာထက် အဆပိုများတာကိုး။ ဒီတော့ Webmaster ဟာလည်း ကွန်ပြူတာ အခြေခံ Web အပိုင်းသွားတဲ့ ပညာရပ်တစ်ခုပါ။ တော်တော်များများက ပရိုဂမ်ပိုင်း လိုက်စား သူတွေ သွားတာ များပါတယ်။ နာမည်ကိုက Web ဆိုတော့ Application Layer နဲ့ တော်တော်ကြီး ပိုင်နိုင်သူ များက Webmaster ပိုင်းကို သွားဖို့ လွယ်ကူပါတယ်။
ကွန်ပြူတာ ကွန်ရက် လုံခြုံရေးအတတ်ပညာ ( Computer Security/ Hacker )
ဒါကတော့ အတော်များများ စိတ်ဝင်စားနေကြတဲ့ ပညာရပ်ပေါ့။ ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာ ဟက်ကာတွေ အ လုပ်များတာ တွေ့တော့ အားကျကြတာပေါ့။ သူကလည်း နက်နဲတဲ့ ဘာသာရပ် တစ်ခုပါ။ Programming တစ်ခုပဲ တတ်ထားလို့ မရဘူး။ Networking လည်းတတ်ရမယ်။ Physical အပိုင်းအရ ဟာ့ဒ်ဝဲ ပစ္စည်းတွေ အကြောင်း လည်း သိထားရမယ်။ OSI Layer ၇ခုလုံး အလုပ်လုပ်ပုံအပြင်၊ ကိုယ် ကာကွယ် ချင်တယ်၊ ထိုးဖောက်ချင်တဲ့ ပစ္စည်း၊ စက်ယန္တယားတွေ အကြောင်းလေ အားလုံး သိရသေးတယ်။
နာဆာမှာ ဟက်ကာတွေ မွေးထားတယ်လေ။ ဒုံးပျံတစ်စင်းဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အင်ဂျင်နီ ယာနီးပါး သိရပါတယ်။ FBI မှာ ဟက်ကာ ထားတယ်။ ကာကွယ်ရေးပစ္စည်း၊ စစ်လက်နက်တည်ဆောက်မှု အကြောင်းတွေလည်း သိရတယ်။ နိုင်ငံရေးဆိုင်ရာ ဘာသာရပ်လည်း သင်ကြားရတယ်။ ပြောမယ်ဆို စနစ်လုံခြုံရေးအမည်ခံ ဟက်ကာ၊ System Security သမား ဖြစ်ဖို့ဆိုတာ သူ့နေရာနဲ့ သူဆိုင်ရာ ပညာရပ်အားလုံးကို သိထားဖို့လိုအပ်ပါတယ်။
အိုင်တီ စီးပွားရေးဘာသာရပ် (IT Business)
ကွန်ပြူတာပေါ်ပြီဆိုတာနဲ့ ယင်းကွန်ပြူတာကိုအခြေခံလို့ ဘယ်လိုစီးပွားရေးလုပ်ရမယ်ဆိုတာ ဘာသာရပ်က ပေါ်လာပြီးသား။ သူကလည်း မလွယ်ပါဘူး။ IT နဲ့ဆိုင်ရာ စီးပွားရေး လုပ်မယ့်သူက တော်ရုံ အပြင်က မရဘူးလေ။ အိုင်တီနဲ့ သက်ဆိုင်တဲ့ ဗဟုသုတ တွေ အင်မတန်ကျယ်ပြန့်ရတယ်။ အားလုံးကို အသေးစိတ်သိတာ မဟုတ်တောင် ကွန်ပြူတာနဲ့ ဆက်စပ် နည်းပညာ ပစ္စည်းအားလုံးရဲ့  လုပ်ပုံကိုင်ပုံ၊ ပညာရှင်များရဲ့  လုပ်ပုံကိုင်ပုံကို သိထားရတယ်။ ပြီးတော့ ကမ္ဘာ့အိုင်တီစီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ အားလုံး တွက်ချက်ပြီး ဒီကုန်ပစ္စည်းထုတ်လုပ်သင့်လား၊ ဒီစက်ရုံဆောက်သင့်လား။
E Commerce တစ်ခု စလုပ်သင့်လား ဒါတွေ အားလုံး ဆုံးဖြတ်ချက်ချဖို့ဆိုတာ Geek တွေက တော်ရုံမလုပ်နိုင်ဘူးလေ။ IT Business အသိပညာကြွယ်ဝ သူက ဒါကို အကွက်ချ၊ စီမံချက်ချပြီး သေချာလုပ်နိုင် ပါတယ်။ သူကလည်း သူ့အခက်နဲ့ပဲနော။ လေ့လာမယ်ဆို အနည်းဆုံး ၃ နှစ်ရင်းရမယ့် ပညာရပ်ပါ။ အလုပ်နဲ့ပါ တွက်ရင် ၆ နှစ်လောက်လုပ်ထားဖူးသူမှ IT Business လောက မှာ လက်မ ထောင်နိုင်ကြတာပါ။ အဲ့ထက်လည်း များရင်များမယ်။ နည်းရင်နည်းမယ်ပေါ့။ ကြိမ်းသေမပြောတတ်ပါဘူး။
အခြား ကွန်ပြူတာ ပရိုဂမ် အသုံးချ အတတ်ပညာများ
၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ရေပန်းစားလာတဲ့ ပညာတွေပေါ့။ သတိမထားမိကြဘူး။ Computer Animation ပိုင်းကို ကောင်းကောင်း ဆော့ကစားနိုင်သူများဟာ ဟောလိဝုဒ်မှာ ပညာရှင်အနေနဲ့ လုပ်ကိုင်နေကြပါတယ်။
သူက Application မှာ ကစားရတာလေ။ လက်စွမ်းထက်သလောက် 3D မှာနာမည်ရလာရင် စီးပွားရေး လုပ်ငန်းရှင် အထိတောင် ဖြစ်နိုင်ပါတယ်။ ပြီတော့ ရှိပါသေးတယ်။ Auto CAD, Graphic Desinger, ACCA ကွန်ပြူတာစာရင်းကိုင် အစရှိသဖြင့် ပြောမကုန်အောင် များပြားလှတဲ့ ပညာတွေ ရှိသေးတယ်နော။
အားလုံး သူ့နေရာနဲ့သူ ထူးချွန်ရင် မြောက်စားခံရမှာ အမှန်ပါပဲ။
အနှစ်ချုပ်
ကျနော်ပြောသားပဲ ကွန်ပြူတာပညာရပ်ဆိုတာ တကယ် ခပ်သောက်လို့မ ကုန်တဲ့ ပင်လယ်ကြီးပါ။ ဒါတောင် ချိတ်ဆက်မှု မပါသေး တယ်။ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ မက်ကယ်ထရောနစ် အင်ဂျင်နီယာ များက သင်္ဘောတွေ၊ ကားတွေ၊ လေယာဉ်တွေ၊ အခြား စက်ပစ္စည်းတွေကို ဖန်တီးတယ်။ ယင်း ဖန်တီးတဲ့ စက်ယန္တယားတွေ ကို မောင်းသူမဲ့လုပ်မယ်၊ စစ်လက်နက်ဆန်းတွေ တပ်ဆင်မယ်။ ဘာလုပ်မယ်၊ ဘာလုပ်မယ်။ အားလုံး ကွန်ပြူတာနဲ့ထိတွေ့ရတယ်။ ဒီတော့ သူတို့လည်း ကွန်ပြူတာကို ပြန်လေ့လာတယ်။ ကွန်ပြူတာ ပညာရှင်များလည်း ယင်းပညာတွေကို ပြန်လေ့လာရပါတယ်။ ဒီလိုပဲ ဆေးပညာမှာလည်း ကွန်ပြူတာတွေသုံးရတယ်။ ဒီအတွက် လည်း ဆေးပညာရှင်များ ဘက်ကလည်း ကွန်ပြူတာနဲ့ ဆိုင်ရာ ပြန်လေ့လာရတာတွေရှိပါတယ်။ ဒီတော့မှာ ပြီးပြည့်စုံတဲ့ ဓာတ်ခွဲခန်းတွေ ပေါ်လာတာလေ။ ပြောမယ်ဆို ကုန်တောင်ကုန်နိုင်မှာ မဟုတ်ဘူး။ ဆက်ရေးနေရင် ဒီလိုပဲ ကွန်ပြူတာနဲ့ဆိုင်ရာ ဘာာသာရပ်တွေ တစ်ခုပြီး တစ်ခုတိုးနေအုံးမှာပါ။မှာချင်တာကတော့ဗျာ။ ကိုယ်က ဘယ်ပညာရပ်ကိုပဲ လိုက်စား၊လိုက်စား အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ အချိန်နဲ့ ကိုယ်လုပ်နိုင်မယ့် အတိုင်းအတာ ကိုလည်း ပြန်တွက်၊ လိုင်းတော့မကြောင်စေနဲ့။ ဟိုဟာလည်းဖြစ်ချင်တယ်၊ ဒီဟာလည်း ဖြစ်ချင်တယ်၊ ဗျာက များနေရင် နောက်ဘာမှ ဖြစ်မလာဘူး။ အထက်က ပြသတဲ့ သာရပ်တွေအားလုံးကို စာဖတ်သူ တစ်ယောက် တည်း လုပ်နိုင်လို့လား။
စတိဗ်ဂျော့တို့၊ ဘီလ်ဂိတ်တို့တောင် မလုပ်နိုင်ပါဘူး။ သုံးခု၊ လေးခု လောက် လုပ်မယ်ဆိုရင် မတားချင်ပေမယ့် အဲ့ထက်ပို လာရင်တော့ မကောင်းတော့ပါဘူး။ Networking ပိုင်းသွားမယ်။
ပရိုဂမ်ပိုင်း လည်း ဆက်လေ့လာမယ်။ IT စီးပွားရေးလည်း အတွေ့အကြုံနဲ့ ယူသွားမယ်။
စနစ်လုံခြုံရေးပိုင်းလည်း ကူးမယ်။ ဒီလောက်ဆိုရင် ဖြစ်ပါသေးတယ်။ ဘာလို့လဲဆို အားလုံးက
ဆက်စပ်နေတယ်လေ။ ဒီတော့ လိုင်းပူးချင် သပဆိုရင်လည်း အနီးစပ်ဆုံးလိုင်းတွေပဲ ပူးစေချင်ပါတယ်။
မမေ့အောင် ထပ်မှာချင်ပါသေးတယ်။ Team Work. ။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ network
အင်ဂျင်နီယာ တစ်ယောက်တည်း ရှိလို့ မရဘူး။ ပရိုဂမ်မာပဲရှိလို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိရတယ်။
ပြည့်စုံ ရတယ်။ ကိုယ်က မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို လက်တွဲခေါ်။ ကိုယ်တတ်တဲ့ ပညာတွေကို
ဆရာစားမကျန်ပြန်သင်ပေး။ ညီငယ်၊ညီမငယ်တွေကို သေချာ ဆုံးမ။ ကိုယ့်နိုင်တဲ့ ကဏ္ဍကနေပါဝင်လို့
အိုင်တီကွန်ရက်ကြီးတစ်ခုဖန်တီးရင် ဘာလို့တိုင်းပြည်က မတိုးတက်ရမှာလဲ။ ကျနော် သိထားသလောက်
သူ့နေရာနဲ့သူ ပညာတွေတွေ ကိုယ်စီ ရှိနေပါတယ်။ အားလုံးကို စည်းလုံးစေချင်ပါတယ်။ နွားကွဲ ကျားဆွဲ ။
တစ်ယောက်တည်းတော်နေတာမျိုး၊ ထက်နေတာမျိုးတို့လည်း ရှိကြတယ်။ ပြည်ပရောက်သွားတယ်။
အချို့ ကျတော့လည်း ပြည်တွင်းမှာ လုပ်ပါတယ်။ မြေတောင်မြောက်ပေးမယ့်သူ မရှိဘူး။
အရင်းအနှီးထုတ်ပေး တဲ့သူ မရှိဘူး။ အစရှိသဖြင့်ပေါ့။ စိတ်မပျက်ပါနဲ့။ ခုမှ တိုင်းပြည်က လမ်းပွင့်စ ရှိဆဲပါ။
အားလုံး ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေကြိုးစားပေးကြပါ။
- အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
- ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
- ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Wednesday, April 1, 2015
♥ ♥ အင်တာနက် အသုံးပြုခကို လျှော့ချပေးမယ့် Data Saver ( Chrome Extension ) ♥ ♥
Data Saver လို့ အမည်ပေးထားပြီး သင့်ရဲ့ Internet Traffic ကို Google ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy တွေကနေ ဖြတ်သန်းစီးဆင်းစေမှာ ဖြစ်ပါတယ်။ Data Saver ကို အသုံးပြုဖို့ Chrome 41 နဲ့ သူ့အထက်ကို အင်စတောလုပ်ထားရမှာပါ။
Extension ကို အောက်မှာ ပေးထားတဲ့ လင့်ကနေ Chrome မှာ အင်စတောလုပ်ပြီးတာနဲ့ ဒေတာပမာဏ ကို စတင်လျှော့ချပေးမှာပါ။ Chrome မှ Data Saver Button ကို နှိပ်ရင် ဒေတာပမာဏ ဘယ်လောက် ကို လျှော့ချပေးနိုင်ပြီလဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ Extension ကို အသုံးမပြုချင်ရင်လည်း အဲဒီကနေ Turn Off လုပ်နိုင်ပါတယ်။
စာရေးသူ စမ်းသပ်အသုံးပြုကြည့်တဲ့အခါမှာ Google Proxy များကနေ တစ်ဆင့် ဖြတ်သန်းပေမယ့်လည်း အမြန်နှုန်းလျော့ကျ မသွားဘဲ ဒေတာများကို တစ်ဝက်ခန့်အထိ လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။
မိုဘိုင်းဖုန်းတွေမှာ အင်တာနက် အသုံးပြုခကို ဒေတာပမာဏနဲ့ ကောက်ခံနေကြပြီ ဖြစ်တဲ့အတွက် Data Saver က သင့်ရဲ့ အင်တာနက် အသုံးပြုခကို သက်သာစေမှာပါ။ ဒီစွမ်းဆောင်ချက်ကို Android , iOS အတွက် ဖြန့်ချီပေးထားတဲ့ Chrome မှာလည်း အသုံးပြုနိုင်ပါတယ်။ Settings ထဲသွားပြီး Data Saver ကို On လုပ်ပေးပါ။
Google က ဒေတာပမာဏ ချုံ့ပေးတဲ့ ၀န်ဆောင်မှုကို ၂၀၁၃ မတ်လကတည်းက ဘရောက်စာတွေ အတွက် စမ်းသပ်နေတာဖြစ်ပါတယ်။ အခု Beta Version ကိုလည်း နောက်မျိုးဆက် Chrome များမှာ Built-In အနေနဲ့ ထည့်သွင်းပေးမယ်လို့ မျှော်လင့်ရပါတယ်။ ပီစီများအတွက် Data Saver Extension ကို အောက်က လင့်ကနေ အင်စတောလုပ်ပါ။
- အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
- ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
- ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
♥ ♥ Huawei Handset ၇၀ ကျော်ကို Root ဖောက်နည်း (စာအုပ်) ♥ ♥
စာရေးသူ.........ရဲမင်းအောင် (RAY-Electronic)
Size...............13.0MB
- အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
- ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
- ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Sunday, March 29, 2015
♥ ♥ ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် မိုဘိုင်းဆိုင် ရာ အိမ်တွင်းသုံးဆန်းသစ်ကရိယာများ ♥ ♥
- အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
- ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
- ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
recent posts
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ
မန်ဘာဝင်ခြင်းဖြင့် အသစ်တင်တိုင်းပို့ပေးပါမည်
Popular Posts
-
မြန်မာပြည်က စာရေးစရာတွေရဲ့ မြန်မာ e-Books တွေပါ။ ကျွန်တော် တင်ထားတာ မဟုတ်ပါဘူး။ စုဆောင်းပေးထားတာပဲဖြစ်ပါတယ်၊ မူပိုင်ခွင့်ကိုနားလည်ပါ...
-
ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကိုPa...
-
နေ့စဉ် MRTV-4 အစီအစဉ်ကို အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုနိုင်ရန် ထုတ်လွှင့်လျှက်ရှိနေပါပြီ ။ မိုဘိုင်းဖုန်းက ကြည့်ချင်သူများအတွက် လွယ်လွယ...
-
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ပုံမှာမြင်ကြရတဲ့အတိုင်းပါပဲဗျာ။ မိမိဖုန်းရဲ့ Call Log နဲ့ Contact List တွေမျာ နောက်...
-
Refbackbank ကိုအခြေခံပြီး ငွေရှာနည်း refbackbank ဆိုဒ်သက်တမ်းက 4 နှစ်ကျော်ပါပြီ။ကိုယ်ရှာလို့ရတဲ့ထဲက ကိုယ့်ကိုပြန်ပေးတာဖြစ်တဲ့အတွက် scam...
-
player တိုင်းက flash file တွေကိုဖွင့်လို့မရပါဘူး ဒါကြောင့်လိုင်းထဲက flash movie တွေ flash သီချင်းတွေကိုနားထောင်နိုင်ဖို့ Flash Player...









