Monday, September 8, 2014

မြန်မာမှ PayPal ကို Verify လုပ်ပြီး ကဒ်ထဲသို့ ငွေထည့်ချင်သူများအတွက်

မြန်မာမှ PayPal ကို Verify လုပ်ပြီး ကဒ်ထဲသို့ ငွေထည့်ချင်သူများအတွက်

မြန်မာကနေ ငွေထည့်ပေးဖို့ ပြောထားတဲ့သူတွေအတွက် ငွေထည့်ပေးဖို့ အစီအစဉ်စပါတော့မယ်။ ငွေလွှဲခကို ဘယ်လောက်နှုန်းယူမယ်ဆိုတာကို သေချာအောင် တွက်နေတဲ့အတွက် ဒီလောက်ထိကြာသွားတာပါ။ အဆင်မပြေတာရှိရင် အောက်မှာရေးထားပြီး ပြောခဲ့နိုင်ပါတယ်။

ကျွန်တော့်ဆီကို ငွေကိုပေးချေတဲ့အခါမှာ နှစ်မျိုးသတ်မှတ်ထားပါတယ်။
တကယ်လို့ MyanPay ကနေတဆင့်လွှဲပေးတယ်ဆိုရင် MyanPay ကနေ အချင်းချင်းငွေလွှဲခကို ShweMoney ၀န်ဆောင်မှုအတိုင်း ငွေလွှဲပေးတဲ့သူကပဲ ငွေလွှဲခကို ကျခံပေးရပါမယ်။ အဲဒီအတွက် MyanPay ကနေ ငွေလွှဲတဲ့အခါမှာ Send Money --> Personal ထဲက တစ်ခုခုနဲ့ လွှဲပေးနိုင်ပါတယ်။ အဲဒီထဲက Gift အနေနဲ့လွှဲပေးတယ်ဆိုရင် လွှဲခပေးစရာ မလိုပါဘူး။ ဒါပေမယ့် MyanPay ကနေ ငွေထုတ်တဲ့အခါမှာ ပေးဆောင်ရတဲ့ ၀န်ဆောင်ခကိုတော့ နည်းနည်းပိုယူထားပါတယ်။

တကယ်လို့ ဘဏ်ကနေတဆင့် ငွေကိုလွှဲပေးတယ်ဆိုရင် ShweMoney မှာ ကျသင့်တဲ့ငွေပမာဏအတိုင်းပဲ ဘဏ်ကနေ လွှဲပေးဖို့ လိုပါတယ်။ ဘဏ်လွှဲခကိုတော့ ငွေလွှဲတဲ့သူကပဲ ကျခံပေးရပါမယ်။ MyanPay ကနေ ငွေထုတ်တဲ့အခါမှာ ပေးဆောင်ရတဲ့ ၀န်ဆောင်ခကို အပိုထပ်ပေးစရာ မလိုတော့ပါဘူး။ သူကတော့ နည်းနည်းပိုပြီး အကုန်အကျ သက်သာပါလိမ့်မယ်။

အခုလိုတွက်ချက်တဲ့အခါမှာ ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းကို သိမ်ဖြူဈေးအတိုင်း တွက်ချက်ပါတယ်။ ၀န်ဆောင်ခကိုတော့ ကျွန်တော့်ကို ငွေထည့်ခိုင်းတဲ့သူတွေအားလုံး သိပြီးသားဖြစ်တဲ့ ShweMoney ကနေ တောင်းယူတဲ့ ၀န်ဆောင်ခအတိုင်း ၁၂ရာနှုန်းနဲ့ တွက်ချက်ထားပါတယ်။ 

အောက်မှာ ကျွန်တော်တွက်ချက်ထားပုံကို ဖော်ပြထားပါတယ်။ ဥပမာအနေနဲ့ ဒေါ်လာဈေးကို ၉၇၅ ကျပ်နဲ့ နမူနာ တွက်ပြထားပါတယ်။ (အမှားပါရှိတယ်ဆိုရင် ပြောနိုင်ပါတယ်။)


အောက်မှာတော့ ငွေထည့်မယ့်သူတွေ အလွယ်တကူကြည့်လို့ရအောင် ဇယားနဲ့ လုပ်ပေးထားပါတယ်။ တစ်ဒေါ်လာကို ၉၇၅ ကျပ်နဲ့တွက်ချက်ထားတာပါ။ တချို့အစွန်းထွက်တွေကိုတော့ အနည်းငယ်တိုးတာ လျော့တာ လုပ်ထားပါတယ်။ ShweMoney နဲ့ကွာခြားချက်ကိုလည်း နှိုင်းယှဉ်ကြည့်လို့ရအောင် ထည့်ပေးထားပါတယ်။


အခုလောလောဆယ်တော့ PayPal အကောင့်ထဲကို ငွေထည့်ပေးတာက ပိုပြီးတော့ ကုန်ကျစရိတ်များနေတဲ့အတွက် ကဒ်ထဲကိုပဲ ငွေထည့်ပေးတာကို အကူအညီပေးမယ်လို့ စိတ်ကူးထားပါတယ်။ အကူအညီတောင်းတဲ့သူရှိရင်တော့ PayPal အချင်းချင်း ငွေလွှဲတာကို အကူအညီပေးပါမယ်။

အခုတွက်ချက်ဖို့အတွက် အကူညီပေးခဲ့ကြတဲ့၊ အကြံတွေပေးခဲ့ကြတဲ့ mgmoney08@gmail.com, neo3189@gmail.com, shtintlon@gmail.com, myopaingsatt85@gmail.com, mg.gold3@gmail.com တို့ကို အထူးပဲကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment

recent posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မန်ဘာဝင်ခြင်းဖြင့် အသစ်တင်တိုင်းပို့ပေးပါမည်