PTC website တွေထဲက ငွေကို ဘယ်လိုလွှဲယူမလဲ

Paypal အကောင့်ဖွင်ဖို့အတွက် နောက်မှာသီးသန့်ထပ်ရေးပေးထားပါမယ်။ Paypal
အကောင့်ကို မြန်မာနိုင်ငံကနေ တိုက်ရိုက်ဝင်လို့ မရသေးပါဘူး။
မြန်မာနိုင်ငံရဲ့ IP address ကို Paypal ကနေ ပိတ်ထားပါတယ်။ တကယ်လို့
ဝင်လိုက်မယ်ဆိုရင် ကိုယ့် Paypal အကောင့်ကို ချက်ချင်း limited
လုပ်လိုက်မှာပါ။ တကယ်လို့ ၀င်မယ်ဆိုရင် Your-freedom လို Proxy Software
မျိုးသုံးပြီး ကျော်ဝင်မှ ရပါလိမ့်မယ်။ Payza ကတော့ မြန်မာနိုင်ငံကနေ
တိုက်ရိုက်သုံးလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် တချို့ PTC တွေက Payza ကနေ
ငွေလွှဲဖို့အတွက် ထည့်သွင်းပေးမထားပါဘူး။
အွန်လိုင်း ငွေပေးခြင်း၊ ငွေချေခြင်း၊ ငွေလွှဲတာတွေ အကြောင်းကို ပိုပြီးတော့ သိချင်တယ်ဆိုရင် https://www.myanpay.com.mm/ မှာ မြန်မာဘာသာနဲ့ ၀င်ရောက်ဖတ်နိုင်ပါတယ်။ Paypal တို့နဲ့ လုပ်ထားပုံစနစ် အတူတူပါပဲ။
(မှတ်ချက်။ ။ PTC site တွေကနေ ငွေလွဲတဲ့အခါ Paypal အစား Myanpay ကို
အသုံးပြုလို့ရတယ်လို့ ပြောတာမဟုတ်ပါ။ လုပ်ထားပုံချင်းတူလို့
နားလည်လွယ်အောင် ဥပမာအနေနဲ့ ပြောပြတာပါ။ နောက်ဆိုရင်တော့ အသုံးပြုလို့
ရလာနိုင်ပါတယ်။)




0 comments:
Post a Comment