ဒီတစ်ပတ်အတွက် တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေး ကတော့
အစားအသောက်ချက်ပြုတ်တာနဲ့ပတ်သက်ရင် ဟောလိဝုဒ်ဇာတ်ကားတွေ
အထွက်နည်းလှပေမယ့် ကိုရီးယားကားတွေမှာကတော့
မကြာခဏဆိုသလို မြင်တွေ့ရလေ့ရှိပါတယ်။
Chef ဇာတ်ကားဟာ စားဖိုမှူးတစ်ယောက်ရဲ့ ဘဝကို
တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် မြင်တွေ့နိုင်အောင် ရိုက်ပြထားတာဖြစ်ပါတယ်။
စားသောက်ဆိုင်တစ်ဆိုင်ရဲ့ Chief Chef ဖြစ်နေတဲ့ စားဖိုမှူးတစ်ယောက်ဟာ
ဟင်းဝယ်တာကအစ ကိုယ်တိုင်ဈေးသွား၊ ကိုယ်တိုင်ဝယ်ရတာပါ။
ဘယ်အသားဆို ဘယ်လိုပုံစံရှိမှ လတ်ဆတ်မယ်ဆိုတာမျိုး၊
ဘယ်အရွက်က ဘယ်လိုမှကောင်းတာ၊ ဘယ်ဈေးသည်ဆီမှာ
ပစ္စည်းမှန်တာ စသဖြင့် သူကိုယ်တိုင်လုပ်ရပါတယ်။
တစ်ခါ ဈေးဝယ်ပြီးပြန်ရင်လည်း ခြေအဆုံးလက်အဆုံး သူမပါရင် မပြီးပေဘူးကိုး။
ဒီနေ့အတွက်တော့ Menu လေးကို ဘယ်လိုလုပ်မယ်။
ဒီနေ့အတွက် special dish ကို ဘာလေးချက်ရင် ကောင်းမယ်။
ဟင်းချိုကို ဘယ်လိုလုပ်မယ်။ အသစ်အဆန်းလေးတွေ ဘာလေးထွင်မယ်။
အရသာရှိအောင် ဘာထပ်လုပ်မယ် စသဖြင့် သူပဲ စဉ်းစားရတာပါ။
သူပဲကြီးကြပ်၊ သူပဲချက်၊ သူပဲဈေးဝယ်၊ သူပဲစဉ်းစားရတဲ့ တာဝန်ကြီးတဲ့ Chief Chef ဘဝ။
တစ်ခါ ကိုယ်ပိုင်စားသောက်ဆိုင်ဆို တော်သေးရဲ့။
ကိုယ်ချက်ချင်တာ ချက်ရတာ။
သူများဆီမှာ လုပ်နေရတာဆိုရင် Menu ကို ကိုယ်တိုင် စီစဉ်လို့မရ။
ဆိုင်ရှင်က သူ့အမြတ်ကျန်ဖို့ လူကြိုက်များတဲ့ ဟင်းတွေကိုပဲ ချက်ခိုင်းချင် ချက်ခိုင်းတာ။
ဒီကိစ္စမျိုးတွေဟာ သူတစ်ယောက်တည်းမဟုတ်။
သူများလက်အောက်မှာ အလုပ်လုပ်နေရတဲ့ ဘယ်ပညာရှင်မဆို
ဒီပြသနာကတော့ ကြုံကိုကြုံနေကြ။
တစ်ခါ ကိုယ်က အပင်ပန်းခံချက်ထားရပေမယ့်
မကြိုက်ကြပြန်ရင် နှစ်ဆပိုပင်ပန်းရတယ်။
ဝေဖန်ရေးဆရာနဲ့တွေ့လို့ မညှာမတာဆော်လိုက်ပြန်ရင်လည်း
ဝမ်းနည်းရပြန်တယ်။
ဒေါသထွက်ရပြန်တယ်။
စားဖိုမှူးမှမဟုတ် ဘယ်ပညာရှင်မဆို ဒါမျိုးကြုံနေကြ။
ဒီလိုမျိုး စားဖိုမှူးတစ်ယောက်ရဲ့ ဘဝကို တင်ပြထားတဲ့
ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ကန့်လန့်ကာနောက်ကွယ်က
အသုံးတော်ခံနေတဲ့ သူတို့ရဲ့ဘဝကို
ဒီဇာတ်ကားလေးက တင်ပြထားပါတယ်။
တစ်ခါ စားဖိုမှူးအကြောင်း ဖြစ်ပေမယ့်
ပညာရှင်တွေအကုန်လုံးနဲ့လည်း ဆိုင်နေပါသေးတယ်။
ဘယ်ပညာရှင်မဆို ပညာမာနလေးကတော့ ရှိတတ်ကြစမြဲ။
ဒီမာနကို အစော်ကားခံလာရတဲ့အခါ
မချိတင်ကဲဖြစ်ရတာတွေကို ထောက်ပြထားပါတယ်။
ဒီလိုမျိုး အနှိမ်ခံ၊ အပြောခံ၊ အစော်ကားခံနေရတဲ့
ပညာရှင်တစ်ယောက်
သူ့ဘဝအတွက် သူ ဘယ်လိုရုန်းကန်ပြန်ကြိုးစား သလဲဆိုတာ
Chef မှာ ကြည့်ကြည့်ကြပါဦး။
Ratatouille လောက် ဇာတ်လမ်းဇာတ်ကွက် မကောင်းပေမယ့်
ကျွန်တော့်ရဲ့ ရုပ်ရှင်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။
0 comments:
Post a Comment