ဒီတစ်ခါ သင့်ကီးဘုတ်မှာပါတဲ့ Num Lock မီး၊ ScrollLock မီးနဲ့CapLock မီးလေးသုံးလုံးကိုအသုံးပြုပြီး Disco Light လေးတစ်ခုဖန်တီးတဲ့နည်းလေးပြောပြချင်ပါတယ်။ Funny အဖြစ်ပါပဲ... အရင်
ကတော့ ကျွန်တော်တစ်ခါရေးဖူးတယ် ဒီဘလော့လေးထဲမှာပဲပေါ့နော်။ Window XP ပေါ်မှာ Batch File လေးကိုအသုံးပြုပြီး DiscoLight တစ်ခု ဖန်တီးမယ် Night Club မီးရောင်စုံလေးတစ်ခုအသွင်
နဲ့ပေါ့... စိတ်ဝင်စားတယ်ဆိုရင်တော့ စလိုက်ရအောင်လားဗျာ...
အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ၊ ပြီးသွား၇င်အောက်က Code
လေးတွေကို Copy & Paste လုပ်လိုက်ပါမယ်။
Set wshShell=wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{CAPSLOCK}"
wshshell.sendkeys "{NUMLOCK}"
wshshell.sendkeys "{SCROLLLOCK}"
loop
အထက်ပါပုံအတိုင်းပေါ့.. ပြီးသွားရင်တော့ ထို ဖိုင်ကို Disco.vbs
ဆိုပြီးမှတ်လိုက်ပါမယ်။ထို့နောက်တော့ သူ့ကို Run လိုက်မယ်
ဆိုရင်တော့ ကီးဘုတ်က မီးသုံးလုံးက မှိတ်တုတ် မှိတ်တုတ်နဲ့
ဖြစ်နေပါလိမ့်မယ် ညဘက် အမှောင်ထဲမှာဆိုရင်တော့ ဟိုသီချင်း
လေးလိုပေါ့ဗျာ... “ ပိုးစုန်းကြူးလေးတွေကိုကြည့်စမ်းကွယ်.....
တမင်ပျံဝဲပြီးနေတာရယ်....” ဆိုတဲ့ သီချင်းလေးလို လှပနေပါ
လိမ့်မယ်။ အဲ... ပြန်ပိတ်ချင်တယ်ဆိုရင်တော့ Task Manager
ကိုဖွင့်လိုက်ပြီးအောက်ပါပုံအတိုင်းမှ
wscript.exe ဆိုတာကို End Process လုပ်ပေးလိုက်ရုံပါပဲ...
သူငယ်ချင်းများအားလုံး .bat ကိုစိတ်ဝင်စားသွားအောင်လို့ပါ
- အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
- ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
- ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
MINNTHARLAY1986@GMAIL.COM (Gtalk)
အားလုံးပဲအဆင်ပြေပါစေ။
WWW.MINNTHARLAYIT.BLOGSPOT.COM
(မင်းသားလေး နည်းပညာ)
0 comments:
Post a Comment