Saturday, August 30, 2014

မြန်မာပြည်မှာ အခုလပိုင်းမှာ အွန်လိုင်းမှာတွေ့နေရတဲ့ ၊ ကြေငြာတွကို click နှိပ်ယုံနဲ့ ပိုက်ဆံရမယ်ဆိုတာ တွေနဲ့ ပက်သက်ပြီး သတိပြု ကြဖို့ပါ။

မြန်မာပြည်မှာ အခုလပိုင်းမှာ အွန်လိုင်းမှာတွေ့နေရတဲ့ ၊ ကြေငြာတွကို click နှိပ်ယုံနဲ့ ပိုက်ဆံရမယ်ဆိုတာ တွေနဲ့ ပက်သက်ပြီး သတိပြု ကြဖို့ပါ။





 ဂျပန် က ကြေငြာ company တခုဖြစ်တဲ့ Asia Dream Japan ကနေ မြန်မာပြည်ကိုလာပြီး Asia Dream Myanmar အမည်နဲ့ ရောက်လာတယ် ။ www.onocoro.com မှာ ကြေငြာတွေကို click လုပ် ၊ တစ်လကို အနည်းဆုံး မြန်မာငွေကျပ် သောင်းကျော်ကနေ ၊ တစ်သိန်းကျော်အထိ ရနိုင်မယ် ၊ တခြား affiliate program တွေကလည်း ၀င်ငွေတွေရအုံးမယ် ။ဒီသတင်း ကို အွန်လိုင်းကလူတွေ တော်တော်များများ သိပြီးကြပြီးဖြစ်မှာပါ ၊ ဘာလို့လဲဆိုတော့ online user တွေကို target ထားတာဖြစ်လို့ပဲ ။



ကျန်တာမပြောခင် အရင်ဆုံးပြောချင်တာက ၊ ကျနော်က ဒါကို scam ရယ်လို့ သတ်မှတ်တာ မဟုတ် ၊ သတိပြု စရာ အချက်တွေကို ထောက်ပြခြင်းသက်သက်ဖြစ်တယ် ။ ဒီ program ကို စိတ်ဝင်စားသူတွေ အနေနဲ့ ကျနော်ရေးထားတာကို ဖတ်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါ အထောက်အပံ့ ရစေဖို့ ရည်ရွယ်ပါတယ် ။
ဒီ program နဲ့ပက်သက်ပြီး လေ့လာရသမျှ ၊ online မှာ ကြေငြာ ကို click လုပ်ရင် ပိုက်ဆံ ရတယ်ဆိုတဲ့ advertising website တွေကို PTC site (paid to click) ရယ်လို့အကြမ်း သတ်မှတ်ကြပါတယ်။ ဒီ PTC တွေပေါ်တာ လွန်ခဲ့တဲ့ ၇နှစ်လောက်ကတည်းကပါ ၊ မြန်မာတွေအနေနဲ့ Internet ချို့ တဲ့မှု့ ကြောင့်သာ မရင်းနှီးကြတာပါ ။ PTC site တွေတော်တော်များများဟာ scam တွေပါ ( scam means 420) ။ Scam မဟုတ်တဲ့ legit site တွေရဲ့ သဘောသဘာဝတွေကို အောက်ဖော်ပြတဲ့ ဟာတွေနဲ့ တိုင်းတာကြတယ် ။
၁။ registered website ဟုတ်မဟုတ် စစ်ဆေးပါ။
-------------------------------------------------------
ဒါမှ Credibility ကောင်းမယ်။ အလွယ်ပြောရရင် www.trustwave.com လိုအဖွဲ့  အစည်းမျိုးက ပေးတဲ့ လက်မှတ်ရှိလား ဆိုတာ website မှာ ရှာကြည့် ။ မရှိသေးရင် နည်းနည်း စဉ်းစား ။
၂။ website hosting ရဲ့  အရည်အသွေးကို စစ်ဆေးပါ ။
--------------------------------------------------------------
ဥပမာ၊ ဘဏ်တစ်ခု မှာ ပိုက်ဆံအပ်မယ်ဆိုရင် ဒီဘဏ်က လုံခြုံရေးရှိလား ၊ ငွေတိုက်ကရော လုံခြုံရဲ့ လား ၊ ဒါမျိုးတွေစစ်သလို web hosting ကလည်း အရေးပါပါတယ် ။ ဈေးပေါတဲ့ hosting သုံးထားရင် scam ဖြစ်ဖို့ ၅၀ ရာနှုန်း သေချာနေပြီ ။ စစ်ချင်ရင် အောက်က လင့်တွေမှာ စစ်ဆေးနိုင်ပါတယ် ။
http://www.scamadviser.com/
https://www.mywot.com
နည်းပညာ နားလည်တဲ့လူတွေအတွက်ကတော့ ချင့်ချိန်နိုင်ပေမယ့် ၊ ဘာမှ မသိရင်တော့ ၉၀ ရာနှုန်း အထက်ရှိမှ စိတ်ချ ။
၃။ ရေရှည်လုပ်မယ့် website လား ဆိုတာ စစ်ဆေးပါ ။
------------------------------------------------------------
ဒါကတော့ PTC သဘောတရားကို နားလည်မှဖြစ်မယ် ၊ PTC တွေက ကြေငြာရှင်တွေ ဆီက ပိုက်ဆံရတယ် ၊ ဘယ်လိုရသလဲဆိုရင် ၊
ခင်ဗျားတို့ ..... ကျနော်တို့ website မှာကြေငြာပါ ၊ကြည့်ရှူ့ နှုန်း နဲ့ click အကြိမ်ရေ ၁၀၀၀ ကို မြန်မာငွေ ၁၀၀၀ ကျပ်ပဲ ကျသင့်ပါတယ် ဆိုရင် click တစ်ချက်က မြန်မာငွေ ၁ကျပ် တန်နေပြီ ။ ဒါဆို သူ့အတွက် click နှိပ်ပေးတဲ့ လူကို website ကပေးနိုင်ရင် ၁ကျပ်ထက်ပိုပေးလို့မရဘူး ။ ပိုပေးရင် သူရှူံးပြီ ။ အမှန်ဆို hosting စရိတ် ၊ ဘာညာ နုတ်ရင် ၁ကျပ်တောင်ပေးလို့မရဘူး ။ ဒါက PTC တွေရဲ့  အခြေခံ ၊ ကျန်တဲ့ affiliate ဘာညာ ဆိုတာ ခနဘေးဖယ်ထားအုံး ။

ဒီတော့ ကျနော်တို့ဘက်က စဉ်းစားရမှာက ကိုယ် click နှိပ်တဲ့ ကြေငြာက အပြင်က ကြေငြာလား ကိုယ့် website က ကြေငြာလားဆိုတာပဲ ။ အပြင်က ပိုက်ဆံပေးပြီး ကြေငြာ ထည့်တယ်ဆိုရင် website က ၀င်ငွေနဲ့ ကိုယ့်ကို ငွေရှင်းပေးနေတာ ၊ ဒီမလိုမှ မဟုတ်ပဲ နဲ့ website က သူ့ဟာသူ ကြေငြာ နေတယ်ဆိုရင် သတိထားတော့ ၊ ပိုင်ရှင်က သူ့အိတ်ထဲက နေ ငွေရှင်းပေးနေတာ ။ သူဘယ်လောက် ကြာကြာ ပေးနိုင်မှာတဲ့လဲ ။ Skynet က အပြင်ကြေငြာမရှိပဲ သူ့ channel တွေမှာ skynet ကြေငြာပဲ လှိမ့်ထည့်နေသလိုပေါ့ ။ Skynet ကတော့ သူ့ပိုင်တဲ့ channel မှာ သူ့ကြေငြာ ထည့်တာ ပိုက်ဆံမပေးရလို့ ပြသနာ မရှိပေမယ့် ၊ PTC မှာကတော့ SHOCK !!
Income မရှိပဲ ငွေတွေထွက်နေတာ ။ဒါကိုသတိပြု ပါ ။

နောက်တခုက ၊ ကြေငြာဆိုတာ အမြဲတမ်းရှိတာမျိုးမဟုတ် ၊ ဒါကြောင့် ကြေငြာ မရတဲ့ အချိန်တွေမှာ click နှိပ်သူတွေ နှိပ် စရာမရှိမဖြစ်ရလေအောင် ၊ တနည်း ပြောရရင် လူတွေ ထွက်မသွားအောင် website တွေဟာ သူတို့ ရဲ့  ကိုယ်ပိုင်ကြေငြာတွေကိုလည်း တခါတလေ ထည့် တတ်တယ် ၊ အမြဲတမ်းမဟုတ်ဘူးနော် ၊ တခါတလေ ဆိုတာသတိပြု ၊ ထည့်လည်း နည်းနည်းပဲ ၊ အများကြီးမထည့်ဘူး ။
အဲ့လိုကြေငြာ နည်းနည်းပဲ ရတဲ့ အချိန်တွေကို ကာမိအောင်လို့ click နှိပ်ခကို ဘယ်တော့မှ အများကြီးပေးလေ့မရှိပါ ။ အလွန်ဆုံး တခုကိုရမှ ၁၀ကျပ် (0.01 $) ၊ ဒါတောင် ၁၀ ကျပ်တန်ကြေငြာဆိုတာ တစ်နေ့နေလို့ ၄ ခုထက်ပိုမရဘူး ၊ တစ်နေ့လုံးနေလို့လဲ ကြေငြာက အခု ၄၀ အများဆုံး ပဲ ၊ အကုန် click လုပ် 0.06$/၆၀ ကျပ်ထက်ပိုမရဘူး ။ ဒါ့ထက် မပိုဘူး ။ ပိုလည်း မလိုချင်နဲ့ ၊ legit website ကလည်း ပိုလည်း မပေးဘူး ။ ဒါ international ပဲ ၊ ကျော်မလုပ်နဲ့ မွဲသွားမယ် ။ website မွဲရင် click နှိပ်လည်းအပိုပဲ ၊သူပေးမှ ရမှာ ။ဒါကိုသတိပြု ပါ ။

website ရဲ့ ကြေငြာ source ကို ရှာပါ ၊ မသိရင် website founder သို့မဟုတ် admin တွေကို စာပို့ပြီးမေးပါ ။ ( ဘယ်သူမှမတော့ပြောလေ့မရှိဘူး ၊ ကိုယ့်ဟာကို ကြေငြာတွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ )
အတည်ပြောမယ် ၊ ကြေငြာတစ်ခုကို ပိုက်ဆံအများကြီးပေးနေရင်သတိထားတော့ ။ ဒါကို ဘန်းပြပြီး ကိုယ့် account ကို upgrade လုပ်ဖို့ ပြောလိမ့်မယ် ၊ upgrade လုပ်လိုက်ရင် ဘယ်ရွေ့ ဘယ်မျှ ရမယ် ၊ဘာညာ ကွိကွ ၊ ဘလာဘလာ ပေါ့လေ ၊ ယုံလို့ များ invest သွားမလုပ်လိုက်နဲ့ ၊ လုပ်ချင်ရင် ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ၊ သူ့ဆီက click လုပ်လို့ရတဲ့ ပိုက်ဆံနဲ့ ပြန်ပေးလိုက် ၊ အဲ့ လို့ click rate အများကြီးပေးတဲ့  website မှာ invest လုပ်ပြီးရင် ကျနော့်ကို ပြောပါ ( သာဓု ခေါ် ချင်လို့ )
၎။ Data Protection
------------------------
PTC ဆိုတာ ငွေရေးကြေရေးအပိုင်းပါလာပြီဆိုတော့ ကိုယ့်ရဲ့  account လုံခြုံရေးက အရေးပါပြီ ။ ဘဏ်မှာဆိုရင် ၊ ကိုယ့် account မှာ ငွေဘယ်လောက်ရှိလဲဆိုတာ ဘဏ်က အပြင်ကို ထုတ်မပြောသလိုပေါ့ ။ ဒါမျိုး တွေမရှိရင် အထာထားမနေနဲ့ ၊ ဒါဟာ scam ပဲ ။ ဒါတွေကို ဘယ်လိုသိနိုင်သလဲဆိုရင် လုံခြုံရေး ကုဒ်တွေဖြစ်တဲ့
256-bit SSL ကို page တိုင်းမှာ သုံးသလား ၊ MD5 Hash ကဘာအမျိုးအစားသုံးသလဲ ၊ ဘာညာ ဘလာ ဘလာ တွေကို လိုက်ကြည့် ။ မကြည့်တတ်ဘူးလား ၊ ရတယ် ၊ ဒီမှာသွားစစ်ကြည့်လိုက် ။
http://www.webutation.info
ဒါဆိုရင်တော့ တော်တော် စိတ်ချရလောက်ပါပြီ ။
အကောင်းဆုံး အကြံပေးမယ် ...... PTC မှာဘယ်တော့မှ ကိုယ်ပိုင်ငွေထဲက invest မလုပ်ပါနဲ့  ၊ နဂိုကမှ ကိုယ်ပိုင် အချိန်တွေ ၊ internet ဖိုးတွေ ကုန်ပြီးသားပါ ။ invest လုပ်ရင် ငါးကြင်းဆီနဲ့သာ ငါးကြင်းကြော်ပါ ။
ကျေးဇူး Dante Hmaing
https://www.prod.facebook.com/groups/ITmyanmarebooks/permalink/479141075554092/

0 comments:

Post a Comment

recent posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မန်ဘာဝင်ခြင်းဖြင့် အသစ်တင်တိုင်းပို့ပေးပါမည်