Rule From Click 2 Kyat ( C2K )
- Click 2 Kyatသည် မြန်မာပြည်၏ ပထမဆုံးသော ကြော်ငြာကြည့်ခြင်းဖြင့်
ဝင်ငွေ ကော်မရှင်ပြန်ပေးသော Website တစ်ခုဖြစ်ပါသည်။
- C2K ၏ အလုပ်လုပ်ပုံမှာ ပြည်ပနိုင်ငံများတွင် ခေတ်စားနေသော PTC ( Paid To Click ) Internet
ဝင်ငွေရှာဆိုဒ်များကိုအခြေခံထားပါသည်။ C2K တွင် Member ၀င်မည့်သူများအနေဖြင့် ပေးထားသော
PTC Site များတွင် Member ၀င်ခါ ညွှန်ပြထားသည့်အတိုင်း
အလုပ်လုပ်ရမည်ဖြစ်ပါသည်။ ထိုသို့အလုပ် လုပ်ခြင်းဖြင့် PTC Site
များတွင် အလုပ်လုပ်လာသည့် ၀င်ငွေ ( Dollar ) များကိုသာမက
C2K မှပေးသောကော်မရှင်အမြတ်များကိုပါရရှိစေမှာဖြစ်သည့်အတွက်
ဝင်ငွေနှစ်ဆတိုးစေသောလုပ်ငန်း
တစ်ခုလည်းဖြစ်ပါသည်။
- C2K အနေဖြင့် စစ်မှန်ပြီး PTC ကျွမ်းကျင်သူများထောက်ခံမှုပေးထားသည့် ၀င်ငွေရှာ Website များကိုသာ
တင်ပေးသွားမှာဖြစ်ပါသည်။
- C2K မှတင်ပေးထားသည့် Website တွင် စနစ်တစ်ကျ Member ၀င်ခါလုပ်ကိုင်သူများအတွက်
SignupBonus0.20$/Commissionအဖြစ်0.50$/Total0.70$
အသီးသီး ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။
- ငွေပေးချေမှုအဖြစ် မြန်မာနိုင်ငံ၏OnlinePaymentService ဖြစ်သောMyanPay နှင့် ပြည်ပရောက်မြန်မာ
များအတွက် PayPal Online Payment Service တို့ကို အသုံးပြုထားပါသည်။
- Internet ပေါ်မှာအချိန်အားလပ်နေသူများအတွက် အထူးသင့်တော်လှသလို အချိန်အနည်းငယ်သာပေးရ
တဲ့လုပ်ငန်းလည်းဖြစ်ပါတယ်။
- မည်သူမဆို အလွယ်တစ်ကူလုပ်ဆောင်နိုင်ပြီး C2K မှ ပေးထားသည့် Website များတွင် မိမိလုပ်နိုင်သ
လောက် Member ၀င်ခါ လုပ်ကိုင်ခြင်းဖြင့် ၀င်ငွေများအလွယ်တစ်ကူရရှိစေမည့်လုပ်ငန်းဖြစ်သည့်အတွက်
စိတ်ပါဝင်စားသူတိုင်းအတွက် ဖိတ်ခေါ်အပ်ပါသည်။
=================================================
PTC ( Paid To Click ) လုပ်ကိုင်မည့်သူများအတွက် သတိပေးချက်များ။

- မင်္ဂလာပါ C2K အနေဖြင့် "အင်တာနက်မှာ မိနစ် 20 အချိန်ပေးပြီး ငွေရှာနည်း'' စာအုပ်ကို ရေးသားဖြန့်
ဖြူးခဲ့ပါတယ်။ ထိုစာအုပ်ကြောင့် မြန်မာနိုင်ငံမှာ ကြော်ငြာ Click လုပ် ငွေရှာသည့်နည်းသည် တော်တော်
ပြန့်နှံ့သွားပါတယ်။ ထို့နောက် C2K သည် Makingmoneytutorial.weebly.com ဆိုသည့် Website အား
ထပ်မံတည်ထောင်ခဲ့ပြီး ၀င်ငွေရှာနည်းသင်ခန်းစာများ ပို့ချပေးခဲ့ပါတယ်။ တော်တော်များများလဲ လိုက်လုပ်
ကြတယ်..အထာပေါက်ပြီး ကြိုးစားလို့အောင်မြင်သွားတဲ့သူတွေရှိသလို..မအောင်မြင်ပဲ အချိန်ကုန်သွားသူတွေလဲ
ဒုနဲ့ဒေးပါဘဲ.. ဘာလို့အဲသည်လိုဖြစ်သွားသလဲဆိုရင် PTC ကိုပေါ့ပေါ့တန်တန်
သဘောထားလို့ပါ။ ဘယ်အလုပ်မဆို ပေါ့ပေါ့တန်တန် သဘောထားရင်တော့ ထိုက်တန်တဲ့ရလာဒ်ကိုဘဲ
ပြန်ခံစားရမှာပါဘဲ..အခု PTC ဟာဆိုရင် ငွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် လုံးဝပေါ့လို့
မရပါဘူး၊မပေါ့သလိုနည်းနည်းလေးမှပျင်းရိတဲ့စိတ်မထားရပါဘူး.. တစ်ချို့ရှိတယ် လေးငါးရက်လောက်
လုပ်ပြီးပျင်းလို့မလုပ်တော့ပါဘူးဒီလိုစိတ်မျိုးတွေရှိနေသရွေ့
ကတော့ အောင်မြင်အဆင်ပြေစေဖို့ဆိုတာကလည်းနည်းနည်းလေးမှမဖြစ်နိုင်ပါဘူးတစ်ကယ်တော့
သည်အလုပ်ဆိုတာတွက်ကြည့်ရင်တစ်နေ့ကိုလိုင်းသိပ်မကောင်းရင်တောင်မှ45မိနစ်အတွင်း
အကုန်ပြီးစီးတဲ့အလုပ်တခုပါ။နည်းပေးလမ်းပြလုပ်သူတွေရဲ့နည်းလမ်းတွေကိုလည်းလိုက်နာမယ်
မိမိကိုယ်တိုင်လဲ ဒီလိုလုပ်ရင် ဒီလိုဖြစ်မလား..ဟိုလိုလုပ်ရင်ကော အဆင်ပြေနိုင်မလား စသည်
စသည်ဖြင့် တွေးခေါ်တတ်ရပါမယ်။ PTC ၀င်ငွေရှာလုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်ဟာ
ပထမဆုံး မိမိကိုယ်မိမိ စီးပွားရေးဈေး ကွက်လုပ်နေတဲ့ သူဌေးတစ်ယောက်လို့ မှတ်ယူရပါ့မယ်။
ထည့်ရင်းသင့်ရင်ရင်းရပါမယ် ။ တစ်ခုထိုးကျွေးပြီးနှစ်ခုပြန်စားသင့်စားရပါတယ်။ မိမိရဲ့ ပိုက်ဆံ (Dollar) များနဲ့
ရှယ်ယာများကို ညီမျှနေအောင် ညှိတတ်ရပါ့မယ်၊ ရှယ်ယာများအတွက် ပိုက်ဆံကို ဘယ်လောက်အထိထုတ်သုံး
သင့်သလဲမသင့်သလဲတွေးတောစဉ်းစားတတ်ရပါမယ်... ဒီလိုအချက်တွေဟာ လုံးဝကို ပညာသားမပါတဲ့
အတွေ့အကြုံက အလိုလိုသင်ပေးတဲ့အသိပညာတွေရလာမှာပါ။ ဒီအချက်တွေကိုပိုင်နိုင်အောင်အသုံးမချနိုင်ဘူး
ဆိုရင်တော့PTCမှာလုံးဝအချိန်ကုန်အောင်မြင်မှုမရဖြစ်
မယ်ဆိုတာရဲရဲကြီးအာမခံပါတယ်။ဒါကြောင့်PTC၀င်ငွေရှာလုပ်ငန်းဆိုတာမိမိရဲ့အရည်အချင်းကို
စမ်းသပ်တဲ့ဝင်ငွေရှာလုပ်ငန်းအသေးအမွှားတစ်ခုဖြစ်ပါတယ်။မိမိလုပ်တတ်ရင်လုပ်တတ်သလို မြတ်နိုင်တယ်..
မလုပ်တတ်ရင်လည်း တစ်ဝဲလည်လည်ဖြစ်နေမှာပါဘဲ။
PTC ဆိုတာ မူးစုမတ်စု ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုပါ.. တစ်နေ့မှ နည်းနည်းချင်းစီဘဲရတဲ့အလုပ်ပေါ့..
စုလို့ရလာတာတွေနဲ့ ရှယ်ယာဝယ်.. ရှယ်ယာကရတဲ့ငွေတွေနဲ့ တစ်ဖြည်းဖြည်း ထပ်ဆင့်ဝင်ငွေပွားများတဲ့
လုပ်ငန်းပေါ့... တစ်ချို့က ပြောတယ် မူးစု မတ်စုလေးရပြီးဘာလုပ်မှာလဲ အပိုအလုပ် အချိန်ကုန်တယ်ပေါ့
သည်လိုအတွေးနဲ့သည်လိုစကားပြောလာတာဟာ လုံးဝကိုမှားယွင်းပါတယ်..ဘာလို့လဲဆိုတော့ PTC ဟာ
မူးစုမတ်စု စုရတဲ့အလုပ်ဆိုပေမယ့် တစ်ကယ်လုပ်တတ်ရင် လုပ်တတ်သလို တစ်နေ့တည်းနဲ့ ၁၀$
လောက်ကိုအသာလေး ရှာလို့ရတဲ့ လျှို့ဝှက်နည်းရှိပါတယ်..ဒါကတော့ MicroJobs & Task Complete
လုပ်ငန်းစဉ်များပါဘဲ... လူတိုင်းလုပ်နိုင်တယ်..လွယ်ကူတယ်..သို့သော် English စာတော့ ဖတ်
တတ်ရမယ်..ပျင်းရိတဲ့စိတ်လုံးဝမရှိရပါဘူး။ PTC မှာ ဘာရှယ်ယာမှ မရှိဘဲ တစ်လကို သုံးလေးသိန်းရနေတဲ့
သူငယ်ချင်းရှိတယ်..ပွင့်ပွင့်လင်းလင်းပြောရရင် အခု ကျွန်တော် PTC မှာအောင်မြင်နေတယ်ဆိုတာ Direct Referral
များလို့ တစ်နည်း ကိုယ့်ဆီမယ် မာန်ဘာဝင်တဲ့သူများလို့ပါ သူငယ်ချင်းကတော့ ဘာ မာန်ဘာမှမရှိ ဘဲ
ဆိုဒ်ပေါင်းစုံကနေ အထက်မယ်ပြောခဲ့တဲ့ Microjobs & Task Complete တွေကြိုးကြိုးစားစားလုပ်တော့
သူ့အတွက် တစ်လသုံးသိန်းလောက်ဆိုတာ ရတာပါဘဲ..သူ သုံးတဲ့အင်တာနက်လိုင်းကလဲ အင်မတန်မှ
စုတ်ချာလှတဲ့ Skynet Internet လိုင်းသာဖြစ်ပါတယ်။ သူကတော့ အင်တာနက်ဝိုင်ဖိုင် ပြန်ယူထားတော့
အဆင်ပြေတာပေါ့။
တော်တော်များများက ဖုန်းနဲ့လုပ်ကြတယ် ဖုန်းနဲ့လုပ်သူတွေ တော်တော်များများ ရှုံးကြပါတယ် ဘာလို့ရှုံးလဲ
ဆိုရင် ရှယ်ယာတွေကို စနစ်တစ်ကျမထိန်းတတ်တာက တစ်ကြောင်း နောက်အရေးပါတဲ့အချက်က အင်တာ
နက်လိုင်းမကောင်းတာတွေကြောင့် ဖြစ်ပါတယ်။ သည်တော့ ဖုန်းနဲ့လုပ်တဲ့သူတွေကိုအကြံပေးချင်တာက
PTC ဆိုတာ ထည့်ရင်းနိုင်ရင် ရင်း မရင်းနိုင်ရင် မူးစုမတ်စုပြီး လုပ်ရတဲ့အလုပ်ဆိုတော့ ကြာရင်ဖုန်းခ
ထိလာတာပေါ့။ ဖုန်းခထိလာရင် PTC က အချိန်ကုန်တယ် ငွေကုန်တယ် ဘားမှအကျိုးမရှိဘူးဆိုပြီး ကျိန်းသေ
ပြောကြမယ်..နောက်ဆုံး စွန့်လွှတ်သွားကြတာပါဘဲ။ ဒါကတော့ ကျွန်တော်တို့ ဒီ PTC ကိုစတင်
မိတ်ဆက်ခဲ့ကတည်းက ယနေ့အချိန်ထိ ကြုံတွေ့နေရတဲ့ သုံးသပ်ချပ်တွေပါဘဲ။ ဖုန်းခတွေကုန်တယ် ကုန်တယ်
ဘယ်လောက်တောင် PTC အတွက် ကုန်သွားလဲ စာရင်းကောက်ကြည့်တော့ လေး ငါးသောင်း
ဖိုးလောက် ကုန်သွားတယ်..တစ်ချိုဆို ခုနှစ်သောင်းဖိုးလောက် ဖုန်းခကုန်သွားတယ်.. ဒါပေမယ့် PTC မှာမူးစု
မတ်စုအဆင့်ကနေ တက်မလာဘဲ ရှယ်ယာတွေဝယ်ရင်း တစ်ဝဲလည်လည်ဖြစ်နေပါတယ်။
ကိုယ်ပိုင် အင်တာနက်သုံးနိုင်တဲ့သူ ..အခပေးပြီး အင်တာနက်လိုင်းယူထားတဲ့သူတွေအတွက်ကတော့
သိပ်မသိသာပေမယ့် ဖုန်းသမားများတော်တော်ထိခိုက်ကြပါတယ်။ ဒီတော့ အားလုံးသော PTC လုပ်နေတဲ့
သူများအတွက် ခြုံငုံပြီး ကျွန်တော် အကြံပေးပါ့မယ်။ သည်အကြံအတိုင်းသာ လိုက်လုပ်ပါ။ အောင်မြင်စေရ
မယ်လို့ အာမခံပေးလိုက်ပါတယ်။
- မိမိက နည်းပညာ Website , Social Website တွေပိုင်ဆိုင်တဲ့သူတစ်ယောက်ဆိုရင် မိမိရဲ့ PTC Site မှာ
Member ၀င်ဖို့ Tutorial များကို သေသေချာချာရေးပြီး လိုက်မိတ်ဆက်ပါ PTC အကြောင်းကိုလည်းသေသေ
ချာချာနားလည်အောင်ပြောပြပေးပါ။ ကိုယ့်ဆီမှာ Member ၀င်သူများလေ ကိုယ်အောင်မြင်လေ ပိုက်ဆံအရ
မြန်လေပါဘဲ။
- မိမိကိုယ်တိုင်လဲ PTC Site တွေမှာ ပြထားတဲ့ လေ့ကျင့်ခန်းတွေ Tutorial တွေကို ဘာသာပြန်ပါ။ ခိုင်းတဲ့အ
တိုင်းလိုက်လုပ်ပါ။ အင်္ဂလိပ်စာတွေကိုလည်း ဖတ်ရမှာမပျင်းပါနဲ့ သေချာဖတ်ပါ။ ကျွန်တော်တို့ကိုယ်တိုင် အ
ဘိဓာန်စာအုပ်တွေ Software တွေကို ကွန်ပျူတာမှာထည့်ပြီး လေ့လာရင်း သိတာတွေကို ချပြပေးနေတာပါ
- မိမိက ကိုယ်ပိုင်အင်တာနက် သို့မဟုတ် အင်တာနက် လခပေးသုံးနေတဲ့သူ ၊ အင်တာနက်ကို အချိန်တော်
တော်များများ အဖိုးအခနဲနဲဖြင့် အသုံးပြုနိုင်သူဆိုရင် PTC Site အချို့မှာပါတဲ့ Task Complete , Microjob or
PTSU တွေကို လုပ်နိုင်သလောက် စာသေချာဖတ်ပြီးလုပ်ကြပါ။
- ဒီနေရာမှာဖုန်းသမားတွေအတွက် ပြောပြပါ့မယ်။ ဖုန်းသမားတွေအနေနဲ့ သည်အတိုင်း PTC တွေကို ထိုင်
Click နေရင် ကြာရင်ဖုန်းခ ထိဖို့ဘဲရှိတယ်။ ဒီတော့ ငွေလဲ များများတက် ၊ အရှုံးလဲ နည်းအောင် အကောင်း
ဆုံးနည်းလမ်းက ရင်းနှီးဖို့ပါဘဲ။ ဘယ်လိုလဲဆိုတော့ မိမိဆီမှာ Member ၀င်တွေများလာအောင် Member
ဝယ်တဲ့စနစ်ပါဘဲ။ ကိုယ့်ဆီမှာ Member ၀င်သူများလေလေ ကိုယ့်ရဲ့ PTC Site ကအောင်မြင်လေလေ၊ ငွေ
များများတက်လေလေပါဘဲ။ ဒီလို Member များနေရင် အထက်က ပြောခဲ့သလို Task Complete , Microjobs
တွေလုပ်စရာမလိုတော့ပါဘူး။ ဒါကတော့ ဖုန်းသမားများအတွက် အကောင်းဆုံးအောင်မြင်ဖို့နည်းလမ်းပါဘဲ
Member ၀ယ်တာကလဲ ငွေကျပ်နှစ်သောင်းဝန်းကျင်နဲ့ ၀ယ်လို့ရတဲ့အနေအထားပါဘဲ။ ဒါကတော့ ဖုန်းအင်
တာနက်နဲ့ PTC လုပ်နေတဲ့သူတွေအတွက် မရှုံးစေဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကျွန်တော်အခုအောင်
မြင်နေတယ်ဆိုတာ ဒီလို Member တွေများလို့အောင်မြင်နေတာပါ။ Microjobs or Task Complete ကတော့
ရံဖန်ရံခါ အားလပ်မှထလုပ်တာပါ။ Member များနေတော့ မန်ဘာဆီက ရတဲ့ ကော်မရှင်နဲ့ Microjobs
တွေကိုမလုပ်လဲရတဲ့အနေအထားပါ။
- ဖုန်းသမားတွေအတွက်ပြီးတော့ ADSL , Redlink , Skynet သမားများအတွက် နည်းလမ်းပြောပြပါ့မယ်။
ဒီအင်တာနက်လိုင်းသမားတွေက ဖုန်းနဲ့စာရင် လိုင်းမြန်တဲ့အတွက် Microjobs , Task Complete တွေ
လုပ်လို့ရပါတယ်။ နောက်တစ်ခု အပေါ်က ဖုန်းသမားတွေလို Member ၀ယ်ချင်ဝယ် ။ မ၀ယ်ချင်ရင်
ယုံကြည်စိတ်ချရတဲ့ PTC Site တစ်ခုမှာ ထည့်ရင်းလိုက်ပါ။ ယုံကြည်စိတ်ချရဆုံး ထည့်ရင်းလို့ကောင်းတဲ့
Site တစ်ခုရှိပါတယ်။ YouGetProfit လို့ခေါ်ပြီး စိတ်ချယုံကြည်ရတဲ့ Investment Site ဖြစ်ပါတယ်။
အဲသည်ဆိုဒ်မှာဆိုရင် 25$ ကနေ စရင်းလို့ရပါတယ်။ 25$ ရင်းရင် တစ်လခွဲနီးပါးအတွင်း 30$ ပြန်ရပါတယ်။
2$ ရတာနဲ့ စမ်းသပ်ထုတ်ယူနိုင်ပါတယ်။ ထုတ်ယူဖို့အတွက် PayPal ကိုအသုံးပြုနိုင်ပါတယ်။
- အခြားအင်တာနက်လိုင်းများနှင့်အသုံးပြုသူများသည် ဖုန်းသမားများနှင့်စာရင် ငွေရပိုမိုလျှင်မြန်စေပါတယ်။
YouGetProfit တို့လို Site တွေမှာ ဖုန်းသမားများအနေဖြင့် ထည့်ရင်းဖို့လုံးဝအဆင်မပြေပါဘူး။ ဘာလို့လဲ
ဆိုတော့ IP Address ပြသနာကြောင့်ပါဘဲ။ ဒါကြောင့် အခြားအင်တာနက်လိုင်းသမားများအနေဖြင့် Member
ဝယ် ၊ Microjobs ( PTSU ) or TaskComplete ဘဲလုပ်လုပ် ၊ ထည့်ပြီးတော့ပဲ ရင်းရင်း အဆင်ပြေစေပါတယ်
ထည့်ရင်းမယ်ဆိုရင် 25$ သာ အရင်စရင်းကြည့်လိုက်ပါ။ အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။ ထည့်ရင်းဖို့
အတွက် Dollar $ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဒေါ်လာအတွက်လည်း ဒေါ်လာ ပြန်ရောင်းပေးပါတယ်။
- နောက်အရေးကြီးဆုံးပြောပြလိုတဲ့အချက်ကတော့ ကျွန်တော်တို့တင်ထားသမျှကိုဘဲ မှတ်မထားပါနဲ့
ဆိုလိုတာက မိမိကိုယ်တိုင် Self Study လုပ်ခိုင်းတာပါ .. ငွေရှာတဲ့ဆိုဒ်တိုင်းမှာ Forum ဆိုတာရှိပါတယ်
အဲသည် Forum ထဲမှာ ငွေရှာတဲ့ဆိုဒ်နဲ့ပတ်သက်လို့ သတင်းတွေ ၊ Error Report တွေ ဆွေးနွေးချက်တွေ
အများကြီးရှိပါတယ်။ အားရင် အဲသည်လို Forum တွေထဲမယ် ၀င်လေ့လာပါ။ သူတို့ဘာတွေပြောနေကြ
သလဲ ၊ ဘာတွေလုပ်နေကြသလဲ ၊ ဆိုဒ်ပိုင်ရှင် Admin ကရော ၀င်ငွေရှာတဲ့ မာန်ဘာတွေကို ဘယ်လို Message
တွေပေးနေသလဲ စတဲ့ အကြောင်းအရာတွေကို Forum ထဲမှာကြည့်နိုင် လေ့လာနိုင်ပါတယ်။
နောက်တစ်ချက်က မိမိတို့ကိုယ်တိုင် ၀င်ငွေရှာဆိုဒ်တွေမှာ လုပ်ကိုင်နေရင်းနဲ့ အခြား သော ၀င်ငွေရှာဆိုဒ်
အသစ်တွေကို တွေ့လာရပါလိမ့်မယ်။ ၀င်ငွေရှာဆိုဒ်တွေက ရာချီပြီးရှိတာပါ အစစ်တွေလဲရှိသလို အတုတွေ
ကလဲ ဒုနဲ့ဒေးပါဘဲ၊ ဥပမာ 1Dollarclick.com , 2Dollarclick.com , 700 Dollarclick.com ဒီလို ဆိုဒ်တွေ
ဟာ မြင်လိုက်တာနဲ့ အတုတွေမှန်းသိပ်သိသာပါတယ်.. ဘာလို့လဲဆိုတော့ ကြော်ငြာတစ်ခုကို မာန်ဘာ
တစ်ယောက်အတွက် တစ်ဒေါ်လာ ၊ နှစ်ဒေါ်လာ ၊ ဒေါ်လာ 700 ပေးတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
နောက်တစ်ချက်က အတုလား အစစ်လား သိချင်တဲ့ဆိုဒ်ကို အင်တာနက်မှာ ရှာကြည့်လို့ရပါတယ်။ ဥပမာ
2dollarclick.comကိုအတုလားအစစ်လားသိချင်ရင် 2dollarclick is scam ? ဆိုပြီး အင်တာနက်မှာရှာကြည့်
လိုက်ပါ။ ဒါဆိုရင် Forum တွေ , website တွေမှာ အခြားမာန်ဘာဝင်တွေရဲ့ သုံးသပ်ချက်တွေကို တွေ့မြင်ရ
ပါလိမ့်မယ်။ သူတို့ဘာတွေပြောထားသလဲ လိုက်ဖတ်ပါ။ စဉ်းစားပါ ။ လုပ်သင့်မလုပ်သင့်ဆုံးဖြတ်ပါ။
ဒါတွေဟာ မိမိကိုယ်တိုင် စဉ်းစားတွေးခေါ်ရမယ့်အပိုင်း ၊ မဖြစ်မနေလေ့လာရမယ့်အပိုင်းတွေပါဘဲ။ ဒါကြောင့်
ကျွန်တော်အတတ်နိုင်ဆုံးအပိုင်းကနေ ဘယ်လို လေ့လာရမယ်..ဘယ်လိုစဉ်းစားရမယ် ဆိုတာပြောပြပေးတာပါ။
ရှုပ်တော့မသွားပါနဲ့ အစကတည်းက မိမိကိုယ်မိမိ လုပ်ငန်းတစ်ခုလုပ်နေတဲ့ သူဌေးတစ်ယောက်လို သဘောထားပါလို
့ပြောခဲ့ပါတယ် :) မိမိ လုပ်တတ်ရင် လုပ်တတ်သလို စဉ်းစားတတ်ရင် စဉ်းစားတတ်သလို အောင်မြင်သွားမှာပါဘဲ ..
- အရေးအကြီးဆုံးအချက်ကိုပြောပြပါ့မယ်။ ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေဖြစ်တယ်။ အင်္ဂလိပ်စာ ကျွမ်း
ကျင်တဲ့သူတွေရှိမယ်၊ မကျွမ်းတဲ့သူတွေရှိမယ် ၊ များသောအားဖြင့် အလယ်အလတ် ထမင်းစားရေသောက်
လောက်ပြောတတ်တဲ့သူတွေရှိပါတယ်..ယခု PTC Site တွေက နိုင်ငံခြားက လုပ်တာဖြစ်တဲ့အတွက် အင်္ဂလိပ်စာလည်း
အနည်းအကျဉ်းဖတ်တတ်ဖို့လိုမယ်။ ငွေရှာဆိုဒ်တစ်ခုလုံးကိုငွေရှာတာတင်မဟုတ်ဘဲ ၀င်ရောက်မွှေနှောက်ရမယ်..
ဥပမာ တစ်ချို့မေးကြတယ် ဘာလို့ဖုန်းနဲ့လုပ်မရတာလဲ... ကျွန်တော်တို့က မူလငွေရှာဆိုဒ်က ကိုဖုန်းနဲ့မလုပ်ခိုင်းလို့
ပါလို့ပြန်ဖြေတယ်.. သူတို့က ပြန်မေးတယ်..ဘယ်မှာဖုန်းနဲ့မလုပ်
နဲ့လို့ရေးထားလို့လဲတဲ့... ဟုတ်ကဲ့ ကျွန်တော်တို့က ငွေရှာဆိုဒ်တွေရဲ့ Team Of Services ထဲက စာတွေ
ကိုဖတ်ပြီးပြောတာပါဘဲ..ထပ်မေးကြတယ်.. ဘာလို့အကောင့်ကို အဘန်းခံရမယ် suspended လုပ်ခံရမယ်
လို့ပြောတာလဲ လို့မေးလာရင် ဒါလည်းဘဲ ငွေရှာဆိုဒ်ရဲ့ Team Of Services ထဲကအကြောင်းအရာကိုဖတ်
ပြီးပြောတာပါဘဲ.. ငွေရှာတဲ့ဆိုဒ်တွေမှာ ဆိုဒ်ရဲ့အောက်ဆုံးနားမှာ Terms (or) Term Of Servcies (or ) TOS
ဆိုတာပါပါတယ်။ အဲဒီထဲမယ် မိမိလိုက်နာရမယ့် စည်းကမ်းချက်တွေ အကုန်ပါပါတယ်။ သူတို့ရေးထားတဲ့စာတွေကလည်း
ကိုးတန်း ဆယ်တန်းကလေးတောင် ဖတ်ရင်ရကိုရတဲ့အနေအထားပါဘဲ။
ဒါကြောင့် လုပ်လဲလုပ် ဆိုဒ်ရဲ့အကြောင်းနဲ့ စည်းကမ်းလေးသိရအောင် စာတွေလိုက်ဖတ်ပါလို့ကျွန်တော်
ပြောရခြင်းဖြစ်ပါတယ်။
- PTC ( Paid To Click ) ၀င်ငွေရှာဆိုဒ်ဆိုတာ ကြော်ငြာကလစ်တာရယ် ၊ Direct Referral ( DR ) ၊ Rented Referral ( RR )
တွေကိုရှာမယ်.. DR , RR တို့ဆိုတာ ရှယ်ယာတွေလို့လည်းခေါ်လို့ရတာပေါ့..ဒီတော့ ရှယ်ယာတွေရှာမယ်။
သူတို့အလုပ်လုပ်အောင်ပုံမှန်ထိန်းသိမ်းမယ်။ ငွေတွေများလာရင်ထုတ်မယ်။ ဒီလိုပုံမှန်လည်ပတ်တာပါဘဲ.. DR များလေ ..
RR များလေ အောင်မြင်လေပေါ့။ ဒီနေရာမှာ အင်္ဂစာဖတ်သူက
ဘာသာသွားသလဲဆိုရင်DR,RR တစ်ခု နှစ်ခုလောက်နဲ့ တစ်နေ့ကို 10$ ရအောင်လုပ်နိုင်တဲ့အချက်ပါဘဲ။
ပုံကတော့ ကျွန်တော့်ဆရာ..ကျွန်တော် PTC လုပ်တတ်အောင် နည်းလမ်းပြပေးခဲ့တဲ့ဆရာပေါ့..
သူ့ရဲ့ neobux မှာငွေရှာတဲ့ပုံပါ.. ကျွန်တော့် မှာ Direct Referral ( DR ) အယောက် 500 ကျော်၊
Rented Referral (RR) အယောက် 350 ရှိပေမယ့် တစ်နေ့ကို ခြောက်ဒေါ်လာကနေ 7 ဒေါ်လာအကြားဘဲရတာပါ..
အခုပုံမယ်
ကျွန်တော့်ဆရာမှာ Direct Referral 2 ယောက်ပဲရှိတယ်.. Rented Referral 88 ယောက်ပဲရှိတယ်..ဒါပေမယ့်
သူ တစ်နေ့ကို 15$ လောက် ရအောင်လုပ်နိုင်နေတာ မြင်ပါလိမ့်မယ်။ ဒါဟာ ဘာလို့လဲဆိုရင် Neobux မှာ
Mini Jobs ဆိုတာပါတယ်။ အဲကောင်လေးတွေက လွယ်လွယ်လေးတွေ လုပ်ရမယ့်ပုံကို ဥပမာလဲပြထား
တယ်။ စာဖတ်ရတာလဲ တစ်ကယ့်လွယ်လွယ်လေး ကျွန်တော်ပြောပီးသား ကိုးတန်းဆယ်တန်းလောက်နဲ့
ကိုလုပ်လို့ရပါတယ်... ကျွန်တော့်ဆရာက ဒါတွေချည်းဖိလုပ်တယ်.. DR , RR ကိုအားမကိုးဘူး ၊ စာဖတ်
တယ်..အဲဒီ Mini Jobs တွေချည်းလုပ်တယ်။ ကျွန်တော်က အချိန်မရတော့ DR , RR ကိုအားကိုးရတာပေါ့။
ဆိုလိုချင်တာကတော့ ကျွန်တော်ဆရာလုပ်တဲ့နည်းကရော.. ကျွန်တော်လုပ်တဲ့နည်းရော နှစ်ခုလုံးအလုပ်
ဖြစ်တယ်။ ဒါပေမယ့် အချိန်ပေးနိုင်ရမယ်။ စာလဲဖတ်နိုင်တယ်ဆိုရင်တော့ ကျွန်တော့်ဆရာလမ်းစဉ်ကိုလိုက်
ပါ။ အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော့်လမ်းစဉ်အတိုင်း DR ,RR တွေကို ထိန်းကျောင်းရင်း ငွေစုသွား
ဖို့ဘဲရှိပါတယ်။ အချိန်ပေးနိုင်သူ ၊ အင်္ဂလိပ်စာဖတ်နိုင်သူ နဲ့ အချိန်မပေးနိုင်သူ စာမဖတ်နိုင်သူတို့ ဒီနေရာ
မယ်ကွာခြားသွားတာပါဘဲ။ ဒါကြောင့်စာဖတ်ပါ.. ကြိုးစားလုပ်ပါ..မသိတာရှိရင်ကျွန်တော်တို့ကိုမေးနိုင်သလို
Google မှာလည်း မေးနိုင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ ဆရာကလည်း Google ပါဘဲ။ မသိတာ
ရှိရင် လိုချင်တာ၇ှိရင် Google မှာ how to do ဆိုပြီးမေးလိုက်တာချည်းပါဘဲ။ PTC လုပ်တဲ့သက်တမ်း ကြာလာရင်
တစ်ချို့ကအချိန်ကုန်အာပလာထင်လာကြမယ်..အချိန်ကုန်ငွေကုန်လို့ထင်လာကြမယ်..ဒီလိုထင်
လာခဲ့ရင် လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ တစ်နေ့ကို 15$ လောက်ရအောင်ရှာနိုင်တာကိုသတိရကြပါ.. :)
ကျွန်တော့်ဆရာအသက်က 23 ဖြစ်ပြီး ကျွန်တော်ကတော့ အသက် 20 ပါ ။
အကုန်လုံးအဝေးသင်ကျောင်းသားတွေချည်းပါဘဲ
- နောက်အရေးကြီးဆုံးအချက်က ပိုက်ဆံတတ်နိုင်သူများ က Rented Referral လို့ခေါ်တဲ့ Share များကို ၀ယ်ကြပါတယ်။
သူတို့အတွေးထဲမှာတော့ ရှယ်ယာများများဝယ်နိုင်လေ ငွေပိုတက်လေလို့ထင်ကြပါတယ်။
တစ်ကယ်တော့ Rented Referral ( RR ) ဆိုတာ မိမိပိုက်ဆံနဲ့ တစ်လ ငှားတာပါ။ ဒီတော့ တစ်လပြည့်ရင်
သူ့ကို သက်တမ်းပြန်တိုးရပါတယ်။ ဒီလိုမှမဟုတ်ရင် ငှားထားတဲ့ RR တွေ ပျောက်သွားပါတယ်။ ပျမ်းမျှအား
ဖြင့် 2$ ဖိုးကို RR 10 ခုရပါတယ်။ သို့သော် မိမိမှာ ပိုက်ဆံ 10$ ရှိလို့ RR အခု 50 မ၀ယ်လိုက်ပါနဲ့ လကုန်
လို့သက်တမ်းပြန်တိုးတဲ့အခါ တစ်လကို 10$ ၄င်း RR တွေဆီမှ ပြန်မရပါဘူး။ ဒါကြောင့် မိမိမှာ သက်တမ်း
တိုးဖို့ငွေမရှိရင် ၀ယ်ထားတဲ့ RR တွေပျောက်ကုန်ပါလိမ့်မယ်။ဒါကြောင့် တစ်ပတ်ကို 1$ ဖိုးဘဲ ၀ယ်ကြပါ။
အခု ညွှန်ပြချက်ကိုသေချာစွာလိုက်နာကြပါ..ဘာလို့လဲဆိုတော့ တစ်ချို့ငွေရှိတယ်..RR တွေကိုနင်းကန်ဝယ်
ပစ်တယ်..ရှုံးကုန်ကြပါတယ်။ အခုပြောတဲ့နည်းအတိုင်း တစ်ပတ်ကို 1$ ဖိုးသာ ၀ယ်ပါ။ လုံးဝမရှုံးတဲ့အပြင်
အမြတ်များစွာထွက်လာတာကိုလည်း တွေ့ရပါလိမ့်မယ်။ ကဲ..ဒါကတော့ အတွေ့အကြုံတွေကို ပြန်လည်ချ
ပြလိုက်တာပါဘဲ။ မသိတဲ့အချက် နားမလည်တဲ့ အချက်များရှိရင်
minntharlay@gmail.com သို့ Message ပို့ပြီးမေးမြန်းပါ။ မိမိကိုယ်တိုင်လဲ
မိမိညှစ်အားကိုအသုံးပြုပြီးလေ့လာပါ။မသိတာရှိရင်မေးဖို့အားမနာပါနဲ့။အားလုံးကိုအောင်မြင်စေချင်ပါတယ်
See more at: http://click2kyat.blogspot.com/2014/02/click-2-kyat-c2k.html#sthash.AaOmTkuI.HsEQt8DM.dpuf

0 comments:
Post a Comment