Tuesday, November 25, 2014

♥ ♥ Viber မှာ Public Chat ဆိုတာကို အသုံးပြုနည်း ♥ ♥



Viber ဆိုင်ရာများ
Viber မှာ Public Chat ဆိုတာကို အသုံးပြုနည်း
မင်္ဂလာပါ
ဒီနေ့ အသစ်တက်လာတဲ့ သတင်းတွေနဲ့အတူ Viber မှာ Public Chat ဆိုတာ
တကယ် ထပ်တိုးလာပါတယ်။ Official ကမက်ဆက် တိုက်ရိုက်ပို့ပေးပါတယ်။
Viber ချစ်ပရိတ်သတ်ကြီးများခင်ဗျား လိုင်းဖွင်ထားရင် Viber လေးကို
တစ်ချက်ကြည့်ကြည့်လိုက်ပါ Viber Official က ပို့ပေးထားတဲ့ မက်ဆက်
အသစ်လေးရောက်နေတာကို တွေ့ကြရမှာပါ။
(ဒီနေရာမှာ မိမိနေထိုင်ရာ နိုင်ငံအလိုက် ပို့ပေးမှာဖြစ်ပါတယ်)
Public Chat ဆိုတာ သတင်းအချက်အလက်များကို
 လူအများဆီသို့ လွယ်ကူလျင်မြန်စွာ ဖြန့်ချိပေးနိုင်မှာဖြစ်ပါတယ်။
Viber ရဲ့ ပြောရဲဆိုခွင့်ရှိသူပြောကြားချက်အရတော့
“ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး
စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။
Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု
ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ
 မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။  
ဒီလောက်ဆိုရင် Viber Public Chat ဆိုတာ မိမိအတွက်
ဘယ်လောက်တန်ဖိုးရှိလာပြီဆိုတာသဘောပေါက်လောက်ပါပြီ။
အသုံးချတတ်သူတစ်ယောက်သာဖြစ်ဖိုလိုပါတယ်။ ကောင်းသောအလုပ်နဲ့
လူသားအကျိုးပြု စာမျက်နှာဖွင့်နိုင်ကြပါစေခင်ဗျား။
လုပ်နည်းမသိသေးရင် အောက်မှာ ကျနော် ပုံလေးနဲတစ်ကွ
ရှင်းပြထားပါတယ်။
၁။ Viber ကိုဖွင့်လိုက်ပါ
၂။ ကျနော်အနီရောင်လေးနဲ့ ၀ိုင်းပြထားတာလေးကိုနှိပ်ပါ
(Public Chat) 
၃။ Explore ထဲ အနီရောင်ဝိုင်းထားတာလေးကိုနှိပ်ပါ။
၎။ Explore ရဲ့အောက်မှာ Follow လုပ်မယ့် စာမျက်နှာတွေ
အများကြီးပေါ်လာပါလိမ့်မယ်၊ မိမိ ကြိုက်နှစ်သက်ရာ
စာမျက်နှာလေးကို Follow ဆိုတာကိုနှိပ်လိုက်ပါ။
၅။ မိမိ Follow လုပ်ထားတဲ့ စာမျက်နှာလေးပေါ်လာပါလိမ့်မယ်။ 
၆။ မိမိသူငယ်ချင်း Group ထဲက ဖိတ်ချင်တဲ့
 ဘော်ဒါတွေကို ဖိတ်ဖို့ Invite Friend ဆိုတာလေးကိုနှိပ်ပါ။
Viber ထဲကသူငယ်ချင်းတွေ အကုန်ဖိတ်လို့ပါတယ်။  
 မိမိကြိုက်နှစ်သက်တဲ့ စာမျက်နှာ (Group) လေးကိုလည်း
Share လုပ်ချင်တယ်ဆိုရင် Share ဆိုတာကိုနှိပ်လိုက်ပါ။
၇။ မိမိ Group ထဲမှာသူငယ်ချင်းတွေကိုကြည့်ချင်ရင်တော့
ကျနော်အနီဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်ပါ။
၈။ မိမိ Follow လုပ်ထားတဲ့ Group လေးကို မကြိုက်တော့ဖူး
Group ထဲကထွက်လိုက်ချင်ရင်တော့ Unfollow Public Chat ဆိုတာလေးကို
နှိပ်ပေးလိုက်ပါခင်ဗျား။

အားပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
အတွေးသစ် အမြင်သစ်နဲ့ လူသားအကျိုးပြု စာမျက်နှာကြီးတွေကို
ဖွင့်နိုင်ကြပါစေ အောင်မြင်သူတွေဖြစ်နိုင်ကြပါစေဟု
ဆန္ဒပြုလျှက်။


အဆင်ပြေပါစေ



  • Download လုပ်နည်းမသိလျှင်အောက်မှာဖတ်ပါ၊၊

    1. အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
    2. ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
    3.  ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
                                            
    ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
    MINNTHARLAY1986@GMAIL.COM (Gtalk) 
    အားလုံးပဲအဆင်ပြေပါစေ။
    WWW.MINNTHARLAYIT.BLOGSPOT.COM 
    (မင်းသားလေး နည်းပညာ) 

    0 comments:

    Post a Comment

    recent posts

    မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

    မန်ဘာဝင်ခြင်းဖြင့် အသစ်တင်တိုင်းပို့ပေးပါမည်