ကမ္ဘာ့နိုင်ငံအနံ့အပြားရှိ နိုင်ငံများတွင် ကန့်သက်ချက်ဖြင့် ဖွင့်လှစ်ထားတဲ့ Apple Store ဟာ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံ Kunming (ကူမင်) မြို့မှာ Apple မှ တရားဝင်ဖွင့်လှစ်ထားခြင်းမဟုတ်ပဲ Apple Store အတုတစ်ဆိုင် ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ Apple Store ဟာ Apple ကုမ္ပဏီ
မှ တရားဝင်ဖွင့်လှစ်ထားတဲ့ Apple Store များနှင့် ခွဲခြားမရအောင်
တူလွန်းနေပါတယ်။ ဆိုင်အပြင်အဆင်ကအစ ရောင်းတဲ့ ပစ္စည်းက အဆုံးအကုန်လုံးက
Apple Store နဲ့ တထေရာတည်းဖြစ်အောင်ကို ဖန်တီးဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ Apple ရဲ့ တရားဝင် Store ဟာ
နှစ်ခုတည်းရှိပြီး ရှန်ဟိုင်း နဲ့ ဘေကျင်းတို့မှာ
ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ Apple Store အတုဟာ
ဆိုင်အပြင်အဆင်ကို Apple Store အစစ်နဲ့ လုံးဝတူအောင်ဖန်တီးထားဖြစ်ပြီး
ဆိုင်မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကလည်း Apple ရဲ့ တရားဝင် Store ရှိ
ဝန်ထမ်းများနည်းတူ Apple အမှတ်တံဆိပ်ပါ T-Shirt အပြာရောင်များကိုသာ
ဝတ်ဆင်ထားကြခြင်းဖြစ်ပါတယ်။ ရောင်းတဲ့ ပစ္စည်းများကလည်း Apple ပစ္စည်းများသာ
ဖြစ်ပြီး iPhone ၊ iPad ၊ iPod ၊ Mac Book Air ၊ Mac Book Pro ၊ i Mac နှင့်အခြား Apple ပစ္စည်းများကိုသာ ရောင်းချပါတယ်။
ဆိုင်ရဲ့ ပုံစံဟာအခြား Apple Store များနည်းတူ နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်ကို တက်မဲ့ လှေကားကိုလည်း Apple ရဲ့ တရားဝင်
Store မှာရှိတဲ့ လှေကားနဲ့ တူအောင် ဖန်တီးထားပါတယ်။
ကောင်တာထားပုံတွေကအစလည်း လုံးဝကွဲခြားမရအောင် ဖန်တီးထားပါတယ်။ သာမန်
Apple အသုံးပြုသူ တစ်ယောက်အနေနဲ့ အဆိုပါ Apple Store ကို ဝင်သွားမိပါက
Apple Store အစစ်အဖြစ်ထင်မှတ်မိမှာ မလွဲပါပဲ။
Ref : Wired
Aung Ko Htet (MMA)
#aungkohtet_mma
- အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
- ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
- ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
MINNTHARLAY1986@GMAIL.COM (Gtalk)
အားလုံးပဲအဆင်ပြေပါစေ။
WWW.MINNTHARLAYIT.ORG
(မင်းသားလေး နည်းပညာ)
0 comments:
Post a Comment