Thursday, October 15, 2015

iphone 6plus တွေက ဘက်တရီသက်တမ်း အားနည်းမှုရှိ

Samsung ကုမ္ပဏီထုတ် A9 Chipset တွေကို အသုံးပြုထားတဲ့ iPhone6s နဲ့ 6sPlus တွေကTMSC (Taiwan Semiconductor Manufacturing Company)ထုတ် A9 SoC တွေအသုံးပြုထားတဲ့ iPhone တွေထက် ဘက်ထရီသက်တမ်းပိုင်းအားနည်းမှုရှိတယ်လို့ လတ်တလောပြုလုပ်တဲ့စမ်းသပ်မှု အချို့မှာဖော်ပြပါတယ်။

ပုဂ္ဂလိကစမ်းသပ်သူတွေကပြုလုပ်တဲ့ အဆိုပါစမ်းသပ်မှုရလဒ်တွေကို MacRumors Forum မှာဖော်ပြရာမှာ Samsung အခြေခံiPhone တွေက TSMC အခြေခံဖုန်းတွေထက် ဘက်ထရီသက်တမ်း ၂ နာရီလောက် အားနည်းတယ်လို့ ဖော်ပြပါရှိပါတယ်။

Reddit အသုံးပြုသူတစ်ဦးက စမ်းသပ်ပြသတဲ့ Geekbench စမ်းသပ်မှုတစ်ခုမှာ TSMC အခြေခံ iPhone 6s Plus က ရှစ်နာရီလောက်အသုံးခံပြီး ရမှတ် ၄၇၀၃ မှတ်ရရှိပေမယ့်လည်း Samsung အခြေခံ iPhone ကတော့ ခြောက်နာရီနဲ့ငါးမိနစ်ခန့်သာ အသုံးပြုနိုင်တာကြောင့် ရမှတ် ၃၆၅၃ မှတ်သာရရှိခဲ့ပါတယ်။ အဆိုပါစမ်းသပ်သူရဲ့ အဆိုအရတော့ ဖုန်းနှစ်လုံးကြားစမ်းသပ်မှုကို အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ပေမယ့် ရလဒ်ကတော့ ကွာခြားမှုမရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့်ဒီရလဒ်တွေကစမ်းသပ်မှုရလဒ်တွေသာဖြစ်တာကြောင့် iPhone အသစ်တွေရဲ့ဘ က်ထရီသက်တမ်း ပြသနာက လက်တွေ့နယ်ပယ်အပေါ်ဘယ်လောက်သက်ရောက်မှုရှိမလဲဆိုတာ ဆက်လက်စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။GSM Arena ရဲ့ဖော်ပြချက်အရဆိုရင်တော့ Apple ကုမ္ပဏီကထုတ်လုပ်လိုက်သမျှ iPhone 6s တွေရဲ့ ၆၀ ရာခိုင်နှုန်းမှာ Samsung ထုတ် Chip တွေအသုံးပြုထားပြီး iPhone 6s Plus ရဲ့၃၀ ရာခိုင်နှုန်းမှာ TSMC Chip တွေအသုံးပြုထားတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

recent posts

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ

မန်ဘာဝင်ခြင်းဖြင့် အသစ်တင်တိုင်းပို့ပေးပါမည်